Breaking

Monday, November 25, 2019

သေတမ်းစာလို့ ယူဆရတဲ့ Goo Hara ရဲ့ မှတ်စုစာကို ရဲတွေ ရှာဖွေတွေ့ရှိ

 Sulli တစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး လပိုင်းအကြာမှာပဲ Goo Ha-ra ကို သူမရဲ့ နေအိမ်မှာ သေဆုံး နေတာကို တွေ့ခဲ့ရပါတယ်။ Goo Hara သေဆုံးရတဲ့ အကြောင်းအရင်း တိတိကျကျ ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပေမယ့် အရင်က ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့ ဖူးတဲ့ သူမဟာ ဒီတစ်ကြိမ်မှာလည်း အဆုံးစီရင်ခဲ့တာလို့ အားလုံးက တစ်ထစ်ချ ယုံကြည်နေကြပါတယ်။ January 13, 1991 မှာ မွေးဖွားခဲ့တာ သူမဟာ (၂၀၁၉) နိုဝင်ဘာ (၂၄) ရက်နေ့က  သူမရဲ့ နေအိမ်မှာ သေဆုံးနေတာကို တွေ့ခဲ့ပါတယ်။ကွယ်လွန်ချိန်မှာတော့ သူမရဲ့ အသက်က (၂၈)နှစ်ပါ။

 Goo Hara ကိုတော့ နိုဝင်ဘာ (၂၄) ဒေသစံတော်ချိန် ညနေ (၆)နာရီ လောက်က သူမရဲ့ အိမ်မှာ သေနေတာ ကို တွေ့ခဲ့တာပါ။ သေဆုံးရတဲ့  ကြောင်းအရင်းကိုတော့ အခုထိ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။အလောင်းကို ရင်ခွဲ စစ်မလား၊မစစ်ဘူးလားဆိုတာကိုတော့ အခုထိ စဉ်းစားနေစဲလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ရဲတွေ ကတော့ သူမရဲ့ မှတ်စု အတိုလေးကို ရှာတွေ့ခဲ့ပါတယ်။ဒါကို သူမကိုယ်တိုင် တကယ်ပဲ ရေးခဲ့တာလား နဲ့ ဒီစာဟာ သူမရဲ့  သေတမ်းစာလား ဆိုတာကို သေချာ သိရဖို့ အတွက်ကတော့ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာပါ။မှတ်စု စာကိုတော့  သူမ သေဆုံးခဲ့တဲ့ နေရာမှာ နိုဝင်ဘာ (၂၅)ရက်နေ့က  ရှာ တွေ့ခဲ့တာပါ။ဒီမှတ်စုကတော့ ပိုပြီး မရေ မရာ ဒွိဟ ဖြစ်စရာ တွေ ဖြစ်လာနိုင်တယ်လို့ ရဲ တွေ ဘက်က  ကောက်ချက် ချခဲ့ပါတယ်။ရင်ခွဲ စစ်ဖို့၊မစစ်ဖို့ ကလည်း အခုထိ ဆုံးဖြတ်ချက် မချ ရသေးပါဘူး။

Goo Hara  ဟာ(၂၀၁၉ မေ (၂၆) တုန်းက သူမကိုယ်သူမ သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာပါ။ သူမကို ဆက်သွယ် လို့ မရတဲ့ အတွက် မန်နေဂျာ ဖြစ်သူက နေအိမ်ကို အပြေးသွားချိန်မှာ အိမ်ထဲမှာ မီးခိုးငွေ့ တွေ ပြည့်နေတာကို တွေ့ ခဲ့တာပါ။ဒါပေမယ့် ကံကောင်းစွာ နဲ့ ဆေးရုံကို အချိန်မီ တင်ပို့ နိုင်ခဲ့တဲ့ အတွက် အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ အသက်ဘေး ကနေ လွတ်မြောက် လာပြီးနောက် မှာတော့ ပရိသတ်တွေကိုတောင် မှ  အခုလို တောင်းပန်ခဲ့ပါသေးတယ်။ “စိတ်ပူအောင် လုပ်မိလို့ အားလုံးကို တောင်းပန်ပါတယ်။ အခုက စပြီး ကျမ ကျန်းကျန်းမာမာနဲ့ နေ သွာပါ့မယ်..” ဆိုပြီး ပြောခဲ့ပါတယ်။ အဲ့ဒီတုန်းကလည်း သူမဘာကြောင့် ဒီလိုလုပ်ရလဲ ဆိုတာကို ထုတ် မ ပြောခဲ့ပါဘူး။ အကြောင်းပြချက် ရေရောရာရာကို မပြောခဲ့ပမေယ့်  ချစ်သူဟောင်းChoi JongBum ကGoo Hara ကို  Sex Tape ကို ချပြမယ်ဆိုပြီး ခြိမ်းခြောက်တာမျိုး တွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ တော့ ထွက်ပေါ်ခဲ့ဖူးပါတယ်။Source:Koreaboo

POPULAR POSTS

ads