ညှို့အားပြင်းလွန်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ စွဲမက်ဖွယ် မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပုရိသကိုကိုတွေရဲ့အိမ်မက်ထဲက မင်းသမီးလေးဆိုရင်လည်း မမှားပါဘူး။ အနုပညာရှင်အချင်းချင်းတောင် ပြန်ချီးကျူးရလောက်အောင်လှတဲ့ သင်ဇာကတော့ လတ်တလောမှာ Gym ကစားနေတဲ့ အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ နိုင်ငံကျော် အစီအစဉ်တင်ဆက်သူ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကျော်ထက်အောင်ကလည်း Gym ကစားနေတဲ့ သင်ဇာ့ပုံလေးတွေကြည့်ပြီး ကျန်းမာရေးလိုက်စားတော့မယ့်လို့ ကြည်နူးစွာ ပြောလာတာ တွေ့ရပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ပုံလေးတွေကြည့်ပြီး ကျန်းမာရေးလိုက်စားတော့မယ်လို့ စနောက်နေတဲ့ သရုပ်ဆောင် ကျော်ထက်အောင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ကျော်ထက်အောင်ကတော့ "ကျန်းမာရေးဆိုတာ လိုက်စားရတယ် မေမေ သားစလိုက်စားပြီ" ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာ စစနောက်နောက်နဲ့ တင်ထားတာ တွေ့ရပါတယ်။ ပုရိသကိုကိုတွေ အကုန်ကြွေကြတဲ့ သင်ဇာရဲ့ပုံလေးတွေကတော့ တကယ့်ကိုပဲ ကျန်းမာသန်စွမ်းတဲ့ အမျိုးသမီးတစ်ဦးအသွင် အပြည့်အဝ ပေါ်လွင်နေတာပါနော်။သင်ဇာကတော့ Gym ကစားတဲ့ ဝတ်စုံလေးနဲ့တောင် အရမ်းတွေ အသည်းယားစရာကောင်းနေတဲ့ သင်ဇာလေး...။
အသံပါဝါကောင်းတဲ့ အစီအစဉ်တင်ဆက်သူချောချောလေးအဖြစ် ပရိသတ်တွေ စတင်သတိထားမိခဲ့ကြတဲ့ ကျော်ထက်အောင်ကတော့ လက်ရှိမှာ ရုပ်ရှင်မင်းသားတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်။ ကျော်ထက်အောင်ကတော့ လတ်တလောမှာ Myanmar Idol Season 4 မှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွက်နေပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သင်ဇာ့ကိုကြည့်ပြီး ကျန်းမာရေးလိုက်စားတော့မယ်လို့ စနောက်လိုက်တဲ့ ကျော်ထက်အောင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Kyaw Htet Aung's Facebook
credit-momolay.com
Friday, November 1, 2019
Home
/
Celebrity
/
Gym ကစားနေတဲ့ သင်ဇာ့ပုံလေးတွေကြည့်ပြီး ကျန်းမာရေး လိုက်စားတော့မယ်ဆိုတဲ့ ကျော်ထက်အောင်
Gym ကစားနေတဲ့ သင်ဇာ့ပုံလေးတွေကြည့်ပြီး ကျန်းမာရေး လိုက်စားတော့မယ်ဆိုတဲ့ ကျော်ထက်အောင်
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity