Breaking

Saturday, November 30, 2019

” အောင်ရဲထိုက်ရဲ့ Idol လို့ ပြောခံလိုက်ရတဲ့ ပန်းရောင်ခြယ်လေး”

ပရိသတ်ကြီးရေ အောင်ရဲထိုက်ကတော့ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေမှာအများဆုံးတွေ့ရတဲ့ မင်းသားချောလေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဟန်ပန်ကိုကြွေနေတဲ့ မိန်းကလေးတွေအများကြီးပါနော်။ အောင်ရဲထိုက်ကတော့ မိန်းကလေးအနုပညာရှင်တွေထဲမှာ ပန်းရောင်ခြယ်ကို (၂၀၁၅)လောက်ထဲက အားပေးလာပြီး ပန်းရောင်ရဲ့ သီချင်းတွေကိုလည်း အားပေးနှစ်ခြိုက်ခဲ့တယ်လို့ သိရပါတယ်။ ပန်းရောင်နဲ့ဇာတ်လမ်းတွဲတူတူရိုက်ကူးခဲ့ရတဲ့အတွက်လည်း သဘောကျရတဲ့ အနုပညာရှင်ဖြစ်တာကြောင့် ပျော်ရွှင်ရတယ်လို့လည်း ပြောပြခဲ့ပါတယ်။

 ပန်းရောင်ခြယ်ကတော့ နိုင်ငံကျော်ပြည်သူ့အချစ်တော် ဂရေဟမ်ရဲ့ သမီးလေး ဖြစ်ပြီး သူမရဲ့စူးရှရှအသံလေးကို အမျိုးသားပရိသတ်တွေကကြွေနေတာပဲ ဖြစ်ပါတယ်။ ငယ်ငယ်ထဲက နိုင်ငံခြားမှာနေလာခဲ့ပေမယ့်လည်း မြန်မာဆန်တဲ့ ဆံကေသာ အရှည်လေးနဲ့ ယဉ်ယဉ်လေးတွေဝတ်စားတတ်တဲ့ သူမကို အားပေးတဲ့ယောကျာ်းထုကြီးကတော့ တော်တော်များများပါပဲနော်။ ဖခင်ဖြစ်သူ ဂရေဟမ်ကိုလည်း ” ယောက္ခမ ” လို့ ခေါ်ဆိုနေကြတဲ့ သူတွေအများအပြားပါပဲ။အဖေ့အမွေကိုဆက်ခံတဲ့ မျိုးဆက်သစ်အနုပညာရှင်လေး ဖြစ်ပြီး အဆိုပိုင်းတင်မကဘဲ သရုပ်ဆောင်ပိုင်းကိုပါ ဝါသနာပါသူလေးလို့သိရပါတယ်။
အမျိုးသားပရိသတ်တွေတင် ချစ်ခင်အားပေးကြတာမဟုတ်ဘဲ သူမရဲ့သီချင်းတွေဟာ မိန်းကလေးပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားလေ့ရှိတာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့အပြုံးချိုချိုလေးနဲ့ ရိုးရှင်းအေးဆေးတဲ့အပြုအမူလေးတွေအပြင် အဘက်ဘက်ကပြည့်စုံလွန်းနေတဲ့ သူမကို အားကျနေတဲ့ မိန်းကလေးတွေ အများအပြားရှိတယ်ဆိုလည်း မမှားပါဘူး။ မကြာသေးမီကလည်း CANAL PlUS ရုပ်သံအစီအစဉ်မှာပြသနေတဲ့ ” လိပ်ပြာ ” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးလေးအဖြစ် ပါဝင်ထားတယ်လို့ သိရပါတယ်။CeleConnections ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ပန်းရောင်ခြယ်လေးကိုဘယ်အချိန်ထဲက အားပေးလဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
Source :MC
crd-Candy – CeleConnections

POPULAR POSTS

ads