အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ ဖားကန့်ကို အလည်အပတ်ရောက်ရှိနေတဲ့ အဆိုတော် L ဆိုင်းဇီတစ်ယောက်
အမှတ်မထင် ကျောက်ရှယ်ယာထည့်ပြီး ကျောက်ဖြတ်ခဲ့ရာမှာ ကျောက်အောင်သွားတဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။
L ဆိုင်းဇီက ဒီလိုကျောက်အောင်ခဲ့ပုံလေးကို ( ဟာလေလုယာ ဟာလေလုယာ ဘုရားသခင်ကျေးဇူးတော် အထူးပင်ချီးမွမ်းပါတယ်..ကျွန်မ ကျောက် အကြောင်းဆိုတာ ဘာမှ သေချာနားမလည်ပါ ကျွန်မ အမေကတော့ အရင်က ကျောက်စိမ်းလုပ်ခဲ့တော့ သူကတော့ နားလည်တာပေါ့နော်.. ဒီနေ့ ဖားကန့်မြို့က ကျွန်မ တို့ရဲ့ အမျိုး …လောပန်းကြီး အစ်ကိုယောဟန် နဲ့ စကားပြော…သွားတွေ့ရင်း…မထင်မှတ်ပဲ မဖြတ်ရသေးတဲ့ ကျောက် နဲ့ ဒီနေ့ ဆိုင်းဇီ ဆုံဖြစ်သွားတယ်ပေါ့နော်”“အဲဒါနဲ့ ကျွန်မ အစ်ကိုတော်သူ..အစ်ကိုယောဟန်က..ငါ့ညီမ..နင် ရှယ်ယာ ထည့်ကြည့်ပါလား ဆိုပြီး ပြောတယ်… ကျွန်မလဲ တခါမှ ဒါမျိုး ကျောက်ထဲ ရှယ်ယာထည့်တာတော့ မပါဝင်ဘူးဖူး..ဒါ ပထမဦးဆုံး အကြိမ်နဲ့ ပထမဦးဆုံး အတွေ့အကြုံပါပဲ ကျောက်ဖြတ်လို့ အောင်ရင်လဲ အောင်မယ်…မအောင်ရင်လဲ မအောင်ဘူးပေါ့နော်.. ဒါကတော့ ဘုရားအလိုတော်ပေါ့နော် ဒါနဲ့ ကျွန်မ တို့ စကားတပြောပြောနဲ့ ကျောက်ဖြတ်လိုက်ပါလေရော….ဖြတ်ပြီး ဘုရားသခင်ကျေးဇူးတော်ကြောင့် ကျောက်အောင်သွားခဲ့ပါတယ် ) လို့ လူမှုကွန်ယက်မှာမျှဝေထားခဲ့တာပါ ။
L ဆိုင်းဇီဟာ ဒီလိုရှယ်ယာထည့်ဖြစ်လိုက်တဲ့အတွက် သိန်း ၇၀ လက်ငင်းအမြတ်ရရှိသွားခဲ့တာဖြစ်ပြီး နောက်လည်း ဒီလို ရှယ်ယာထည့်တာတွေဆက်လုပ်သွားမယ်လို့ ဆိုပါတယ် ဒီသတင်းလေးဟာ လူမှုကွန်ယက်မှာ ဖတ်ရှုသူများနေတာမလို့
ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။
credit-burmese.asia
Sunday, November 10, 2019
Home
/
Celebrity
/
ဖားကန့်မှာ ကျောက်အောင်ပြီး ပိုက်ဆံ သိန်း ၇၀ ကျော်ရသွားတဲ့ အကြောင်းပြောပြလာတဲ့ အဆိုတော် L ဆိုင်းဇီ
ဖားကန့်မှာ ကျောက်အောင်ပြီး ပိုက်ဆံ သိန်း ၇၀ ကျော်ရသွားတဲ့ အကြောင်းပြောပြလာတဲ့ အဆိုတော် L ဆိုင်းဇီ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity