Breaking

Saturday, November 30, 2019

” The Mask Singer Myanmar က သီးမွှေးလေးလို့ ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို ဖြေရှင်းလိုက်တဲ့ အိမ့်ချစ် “

 ” The Mask Singer Myanmar ကတော့ လက်ရှိပရိသတ်တွေစိတ်ဝင်စားခံနေရတဲ့ ပရိုဂရမ်တစ်ခုပဲ ဖြစ်ပါတယ်။The Mask Singer တွေကို ခန့်မှန်းတဲ့ဆယ်လီစုံထောက်တွေကတော့ အရိုင်း၊ ခိုင်သင်းကြည် ၊ ထွန်းထွန်း ၊ ရတနာမိုင် တို့ပဲ ဖြစ်ပါတယ်။ပရိသတ်တွေအထူးစိတ်ဝင်စားနေတဲ့ မျက်နှာဖုံးတပ်ထားတဲ့ အနုပညာရှင်တွေက ဘယ်သူဖြစ်မလဲ ဆိုတာ အမျိုးမျိုးမှတ်ချက်တွေပေးနေကြတာပဲ ဖြစ်ပါတယ်။

 ဒုတိယမြောက် ထုတ်လွှင့်ပြသတဲ့ အချိန်မှာမျက်နှာဖုံးအနုပညာရှင်တစ်ယောက်ကိုတော့ ပရိသတ်တွေက သိရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အခုလာမယ့် တတိယမြောက်အပတ်မှာ သီးမွေးငှက်ပျောသီး မျက်နှာဖုန်းနဲ့တစ်ယောက်ဟာ အိမ့်ချစ်လို့ ဆယ်လီစုံထောက်တွေကထဲက မှတ်ချက်ပေးကြတဲ့အချိန် ခိုင်သင်းကြည်က အိမ့်ချစ်က အာ့လောက်မကိတ်ဘူးလို့ မှတ်ချက်ပေးခဲ့သေးတာပါ။
အိမ့်ချစ်က ” ဘယ်သူပဲဖြစ်ဖြစ် သီးမွှေးက အိမ့်ချစ်မဟုတ်တာ သေချာတယ် ” ဆိုကာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပုံလေးနဲ့ အရွှန်းဖောက်ကာ အဖြေပေးခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဘယ်သူဖြစ်မလဲ ဆိုတာ ကို ထင်ကြေးအမျိုးမျိုးပေးနေကြတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးကရော သီးမွှေးလေးက ဘယ်သူဖြစ်မလဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။Source :The Mask Singer Myanmar
crd-Candy -CeleConnections

POPULAR POSTS

ads