လူငယ်အဆိုဝါသနာရှင်တွေကို မြေတောင်မြှောက်ပေးနေတဲ့ Myanmar Idol ပြိုင်ပွဲကြီးကို အနယ်နယ်အရပ်ရပ်က ပြိုင်ပွဲဝင်လူငယ်တွေ အဆင့်ဆင့်ကြိုးစားယှဉ်ပြိုင်လာရင်း Top 11 ထိအကောင်းဆုံး ၁၁ ယောက်ကို အကောင်းဆုံးရွေးချယ်ပြီး ယှဉ်ပြိုင်စေခဲ့ပါတယ်။မြန်မာအိုင်ဒေါလ် အဆိုပြိုင်ပွဲကြီးကတော့ လက်ရှိမှာ လူစိတ်ဝင်စားမှုအမြင့်တက်ဆုံးနဲ့ ပရိသတ်တွေအားအပေးဆုံး အဆိုပြိုင်ပွဲဝင်ကြီး လို့ ဆိုရမှာပါ။ ပရိသတ်တွေသာမက အနုပညာရှင်အသိုင်းအဝိုင်းများစွာကပါ အားပေးဝန်းရံနေကြတာပဲ ဖြစ်ပါတယ်။
Season သုံးခုလုံးမှာ ပထမဆုရှင်က ယောက်ျားလေးဖြစ်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ပရိသတ်တွေကိုစိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်တဲ့ အမျိုးသမီးအဆိုရှင်တွေများစွာ ပါဝင်လာတာကြောင့် ပထမဆုရှင်ကို မိန်းကလေးရလောက်တယ်လို့လည်း ထင်ကြေးပေးခန့်မှန်းမှုတွေရှိလာတာဖြစ်ပါတယ်။ခန့်မှန်းကြသူတွေထဲမှာတော့ မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲဝင်ဟောင်းတွေဖြစ်တဲ့ ရဲနောင်နဲ့ပိုးမီတို့လည်း အပါအဝင်ဖြစ်ပါတယ်။ ရဲနောင်က ယောက်ျားလေးဘက်က အားပေးတာဖြစ်ပြီး ပိုးမီကတော့ မိန်းကလေးဘက်ကဖြစ်တဲ့အကြောင်းကို “ဒီနှစ် winner Boy or girlရဲနောင်နဲ့ ဆယ်သိန်းကြေး လောင်းထားတယ်…ကိုယ်က မိန်းခလေးဖက်က… ရဲနောင်က ယောကျာ်းလေးဖက်က…ပွဲပြီးမှ မရှော်ကြေးနော်…ဟွင်းးးး ဟွင်းးးးး” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရော ပထမဆုရှင်က ဘယ်သူဖြစ်မယ်ထင်သလဲ ဖြေပေးခဲ့ပါဦးနော်။
Friday, November 15, 2019
MM Idol ရဲ့ ပထမဆုရှင်ဘယ်သူဖြစ်မလဲ လောင်းကြေးထပ်ထားတဲ့ ရဲနောင်နဲ့ပိုးမီ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity