Breaking

Friday, November 29, 2019

Myanmar Idol Season 4 ကို အားပေးဖို့ သွားခဲ့ပေမယ့် ပေးမဝင်လို့ မကြည့်ခဲ့ရဘူး ဆိုတဲ့ ဖြိုးမြတ်အောင်

 Myanmar Idol season 3ရဲ့ winner ဆုရှင် ဖြိုးမြတ်အောင်ဟာဆိုရင် ပရိတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ဖြိုးမြတ်အောင်က ခုဆိုရင်အနုပညာလမ်းကြောင်းကို ပုံမှန်လေး လျှောက်လှမ်းနေပြီး သီချင်းလေးတွေဆို ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Myanmar Idol season 4 ကို အားပေးဖို့ သွားခဲ့ပေမယ့် အထဲပေးမဝင်လို့ မကြည့်ခဲ့ရဘူးဆိုတဲ့ ဖြိုးမြတ်အောင် ရဲ့ အကြောင်းကို မိုမိုလေး ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

 ဖြိုးမြတ်အောင်က ခုနောက်ပိုင်းမှာ သီချင်းလေးတွေဆိုရင်း ကြော်ငြာများလည်း ရိုက်ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာရှိနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကစက်တင်ဘာလ ၂၉ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံးအခွေ သင့်အတွက် မနက်ဖြန် solo album ကလည်းပရိသတ်တွေအရမ်းကို အားပေးခဲ့ကြတာတွေ့ရပါတယ်။
ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် က Myanmar Idol Season 4 ကို အားပေးဖို့ သွားခဲ့ပေမယ့် အစောင့်က အထဲကို ပေးမဝင်လို့ မကြည့်ခဲ့ရဘူးလို့ သိရပါတယ်။ ဖြိုးမြတ်အောင် က Idol မကြည့်ရလည်း မိသားစု နဲ့ ဗိုက်ဖြည့်ရတာပေါ့ " ဆိုပြီးပြောထားပါတယ်။



Myanmar Idol season 4 ကြည့်ခွင့်မရခဲ့တဲ့ ဖြိုးမြတ်အောင် ရဲ့ အဖြစ်ကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရှု့ပေးကြတဲ့ မိုမိုလေးပရိသတ် ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source;phyo myat aung

POPULAR POSTS

ads