လတ်တလော ပရိသတ်တွေကြားမှာ အရမ်းနာမည်ကြီးနေတဲ့ Myanmar Idol Season (4) ပြိုင်ပွဲကြီးကတော့ ထူးချွန်တဲ့ ပြိုင်ပွဲဝင်တွေကြောင့် ပရိသတ်တွေရဲ့အာရုံကို အပြည့်အဝဖမ်းစားထားနိုင်တာ တွေ့ရပါတယ်။ တစ်ယောက်တစ်မျိုးစီ ထူးချွန်လွန်းတဲ့ ဒိုင်တွေရဲ့မှတ်ချက်တွေ၊ ပြိုင်ပွဲဝင်တွေရဲ့အရည်အချင်းပြည့်ဝမှုတွေကြောင့် ပရိသတ်တွေသဘောကျနေတဲ့ Myanmar Idol ပြိုင်ပွဲကြီးမှာတော့ အားလုံးရဲ့အာရုံကို ဖမ်းစားထားနိုင်သူတစ်ဦး ရှိနေပြန်ပါတယ်။ အဆိုပါသူကတော့ Myanmar Idol Season (4) ရဲ့ ဒိုင်တွေထဲကတစ်ဦးဖြစ်ပြီး၊ ဖက်ရှင်အဆန်းတွေနဲ့ ပရိသတ်တွေကို အမြင်ဆန်းစေတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းပဲ ဖြစ်ပါတယ်။
ဖြူဖြူကျော်သိန်းကတော့ "The Crown Jewel of the Myanmar Idol Myanmar Idol Season 4 ရဲ့ Artist Tribute ည အမှတ်တရစိုးလွင်လွင် ပွဲမှာတော့ စိန်ဉီးသျှောင်ဒေဝီ အဖြစ်ဝင်စားခဲ့ပါတယ်ရှင်😊နန်းဆန်လွန်းတဲ့ဝတ်စုံနဲ့နောက်ဆုံးပေါ်ပုဝါမျက်မှန်😉ရယ်၊ ခေါင်းမှာစိန်အပြည့်စီပေးချင်တယ်ဆိုတဲ့အိုင်ဒီယာရယ်နဲ့ ဆင်မြန်းပံပိုးပေးတဲ့ဒီဇိုင်နာကိုကောင်းမြတ်ကိုကျေးဇူးအကြီးကြီးတင်ပါတယ်လို့😘စိန်စီသောခေါင်း😁ဖြစ်ဖို့အတွက်စိန်ဉီးသျှောင်ကိုကြံဖန်စဉ်းစားတီထွင်ပြီးနှစ်ပတ်ကျော်လောက်အချိန်ယူပြင်ဆင်ပေးခဲ့တဲ့မေမေလင်းနဲ့သမီးတော်များကိုလည်းစူပါကျေးဇူးပါလို့😘ဒီဝတ်စုံကိုမြင်ပြီးကတည်းကဓာတ်ဖမ်းဖို့ mood တွေအပီအပြင်သွင်းပြီး setting ကားလိပ်တွေပါသယ်ချလာတဲ့ ဓာတ်ဆြာရီးရွှေရွှေကိုလည်းကျေးကျေး so much ပါလို့😘" ဆိုပြီး သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
အဆိုတော်မလေး ဖြူဖြူကျော်သိန်းကတော့ အတွေးအခေါ်လည်း အရမ်းကောင်းတာမို့ မကြာခဏဆိုသလို ပရိသတ်တွေဆီ ပညာရစေမယ့် စကားလုံးတွေ ဝေမျှပေးလေ့ရှိတာ တွေ့ရပါတယ်။ တက်ကြွလွန်းတဲ့ ဖြူဖြူကတော့ ပြိုင်ပွဲဝင်တွေကိုလည်း အကောင်းဆုံး ကြိုးစားကြဖို့ လမ်းပြပေးနေတဲ့ ဒိုင်တစ်ဦးပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မြန်မာအိုင်ဒေါ ပြိုင်ပွဲက အဂေါ်ဆုံးဒိုင်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Phyu Phyu Kyaw Thein's Facebook
Photo:Kyaw Shwe Amin (DIOR By Heart)
Friday, November 29, 2019
Home
/
Celebrity
/
Myanmar Idol Season (4) ရဲ့အဂေါ်ဆုံးဒိုင်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းရဲ့အမိုက်စားဖက်ရှင်
Myanmar Idol Season (4) ရဲ့အဂေါ်ဆုံးဒိုင်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းရဲ့အမိုက်စားဖက်ရှင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity