Myanmar Idol Seasonကတော့ လူထုကြားရေပန်စားနေတဲ့ အဆိုပြိုင်ပွဲတစ်ခုလို့ ဆိုရမှာပါ..။Season (1)ကနေစပြီး အားပေးလာကြတာ အခုဆိုရင်တော့ Season (4)ထိ ရှိလာပြီဖြစ်ပါတယ်..။ ပြိုင်လာခဲ့တဲ့ ပြိုင်ပွဲတိုင်းမှာလည်း ပြိုင်ပွဲဝင်တိုင်းက မတူတဲ့အရည်အချင်းတွေနဲ့ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနေကြပါပြီ..။ ယခု Season (4)မှာ ပြိုင်နေကြတဲ့ ပြိုင်ပွဲဝင်တွေကလည်း အနုပညာလမ်းကြောင်းပေါ်ကို လျှောက်ဖို့ အားပြုနေကြတဲ့ တာဝေးပြေးသမားတွေလို့ ဆိုရမှာပါ..။ ပြိုင်ပွဲဝင်တိုင်းကို အားပေးတဲ့ အမာခံပရိသတ်တွေကိုလည်း ရရှိနေပြီဖြစ်ပါတယ်..။ ပြိုင်ပွဲဝင်တွေထဲကမှ အေးမြဖြူလေးကတော့ အမာခံပရိသတ်အများဆုံးရရှိနေတာပဲဖြစ်ပါတယ်..။ သူမရဲ့အဆိုစွမ်းရည်ကလည်း အရွယ်နဲ့ မလိုက်အောင် ကောင်းမွန်လွန်းပါတယ်နော်..။
အပတ်စဉ်တိုင်းမှာ ပြိုင်ပွဲဝင်တွေက ထွက်ခွာနေရပေမယ့် ကျန်ခဲ့တဲ့သူတွေကလည်း မလျော့တဲ့ဇွဲနဲ့ ဆက်လက်ယှဉ်ပြိုင်နေကြတာပဲဖြစ်ပါတယ်..။ ယနေ့ နိုဝင်ဘာလ (၂၈)ရက်နေ့မှာတော့ Rock Week မှာပြိုင်ပွဲဝင်တွေ သီဆိုထားတဲ့ သီချင်းမျာုးကို နားထောင်တဲ့ Top Chart List လေးထွက်လာခဲ့တာပဲဖြစ်ပါတယ်…။Top (10)List မှာတော့ ပြိုင်ပွဲဝင် အေးမြဖြူလေးရဲ့ (ငိုသော မြင်သော မျက်လုံး) သီချင်းကိုတော့ viewer (2.1 Millions)နဲ့ ထိပ်ဆုံးကနေ ရပ်တည်နေတာကို တွေ့ရပါတယ်..။နံပါတ်(၂)နေရာမှာတော့ ထက်အဉ္ဇလီရဲ့ (ရပါတယ်) သီချင်းနဲ့ (၃)နေရာမှာ ဘင်ဂျမင်ဆုမ်းရဲ့ (မတားနဲ့) သီချင်းတို့ကရပ်တည်နေတာပဲဖြစ်ပါတယ်.။
နံပါတ်(၄)နေရာမှာ အက်စတာ၊ နံပါတ်(၅)နေရာမှာ မူးလာ၊နံပါတ်(၆) တန်ခွန်ကျော်၊ နံပါတ်(၇)က ယောကီး၊ နံပါတ်(၈)မှာ နော်စေးစေးထူး၊ နံပါတ်(၉) နေလင်းကျော်နဲ့ နံပါတ်(၁၀)နှင်းအိအိဝင်းတို့ အသီးသီးတည်ရှိနေတာပဲဖြစ်ပါတယ်..။နိုဝင်ဘာလ (၂၈)ရက်နေ့ ကြာသပတေးနေ့ ယနေ့ညမှာတော့ ပြိုင်ပွဲဝင်တွေဟာ စိုးလွင်လွင် သီချင်းများနဲ့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်..။ ယနေ့ညမှာ ဘယ်ပြိုင်ပွဲဝင်ကတော့ အကောင်းဆုံးဖျော်ဖြေသီဆိုနိုင်မယ်ဆိုတာ မသိဘူးနော်..။ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးရော Myanmar Idol ကို စောင့်မျှော်နေကြပြီလား..။
Source: Myanmar Idol Season (4)
crd-Sakura(Cele Connections)
Thursday, November 28, 2019
Myanmar Idol Top(10) Rock Week မှာ ထိပ်ဆုံးကရပ်တည်နေတဲ့ အေးမြဖြူ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity