ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ အနုပညာလက်ရာတစ်ခုဖြစ်တဲ့ "ထာဝရနှောင်ကြိုး" Now & Ever ရုပ်ရှင်ဇာတ်ကားကြီးက တတိယမြောက်အပတ်ထိ ရုံတင်ပြသနိုင်ခဲ့ပြီး အောင်မြင်မှုတွေများစွာ ရရှိနေတာ ဖြစ်ပါတယ်။ "ထာဝရနှောင်ကြိုး" Now & Ever ရုပ်ရှင်ဇာတ်ကားကြီးက စတင်ရိုက်ကူးတဲ့ အချိန်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး အခုချိန်ထိတိုင် ရုံပြည့်ရုံလျှံအားပေးနေကြဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် ရုံတင်ပြသနေဆဲကာလအတွင်းမှာပဲ ဇာတ်လမ်းတစ်ခုလုံး အဖော်ခံရခြင်း၊ ဇာတ်ဝင်တေးသီချင်း ပေါက်ကြားခြင်းစတာတွေကြောင့် Now & Ever ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ခရစ္စတီးနား တော်တော်လေး စိတ်ရှုပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း Now & Ever ဇာတ်ဝင်တေး ပေါက်ကြားမှုနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။
"သီချင်းကို လိုင်းပေါ်တင်ခွင့်မပေးထားပါ။ အရာတိုင်းမှာ တန်ရာတန်ကြေး ပေးရပါတယ်နော်။ အခွေဖြစ်ဖို့ (artist ကိုယ်တိုင်ပရိုဂျူဆာကလည်း) အားလုံးရဲ့ အနုပညာကြေးပေးရသလို ကုန်ကျစားရိတ် သိန်းရာချီ(တရာမက) ကုန်ကျရပါတယ်။ အရင်းကြေဖို့ နေနေသာသာ အခွေကူးစားရိတ်တောင် မနည်းရှာနေကြရတာပါ။"
"လိုင်းပေါ်မှာ တင်တော့မယ်ဆိုရင် လည်း artist ရဲ့ ကိုယ်ပိုင် page သို့မဟုတ် YouTube channel မှာ ကိုယ်တိုင်တင်ပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်လည်း ကြိုက်ရင် artist ကို follow လုပ်ထားပြီး မှ သူ့ဆီက နားထောင်ပါတယ်။ ဒါဆိုရင် သူ့ တန်ရာ တန်ကြေးရသွားတာပေါ့။ N&E ရဲ့ OST အခွေကိုပဲပြောနေတာမဟုတ်ပါ။ အားလုံးအတွက် ရေးပြလိုက်ရတာပါ။" ဆိုပြီး မျှဝေလာပါတယ်။
ခရစ္စတီးနားခီကတော့ သူမကြိုးစားထားတဲ့ အရာရာတိုင်းကို တန်ဖိုးထားလွန်းသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖန်တီးသူတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုစွာနဲ့ "ထာဝရနှောင်ကြိုး" Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်ရှင်ရုံတွေမှာ အားပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။
Rowena
Source: Christina Kyi's fb
Wednesday, November 13, 2019
Home
/
Celebrity
/
Now and Ever ရဲ့ ဇာတ်ဝင်တေးသီချင်း ပျံ့နှံ့သွားတဲ့အတွက် ထိထိမိမိပြောလာတဲ့ ခရစ္စတီးနားခီ
Now and Ever ရဲ့ ဇာတ်ဝင်တေးသီချင်း ပျံ့နှံ့သွားတဲ့အတွက် ထိထိမိမိပြောလာတဲ့ ခရစ္စတီးနားခီ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity