Breaking

Wednesday, November 13, 2019

ဟိန်းဝေယံ ရဲ့ Post အောက်မှာ အတည်ပေါက်နဲ့ နောက်လိုက်တဲ့ စိုးပြည့်သဇင်

 နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ စိုးပြည့်သဇင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် နိုင်တဲ့ သူမက ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ။မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ဟိန်းဝေယံ ရဲ့ ပုံအောက်မှာ ဆေးထိုးထားတဲ့ စိုးပြည့် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


 သရုပ်ဆောင် ဟိန်းဝေယံ နဲ့ စိုးပြည့်သဇင် တို့က ဇာတ်ကားတော်တော်များမှာ အတူတွဲသရုပ်ဆောင်တာ တွေ့ရသလို သူတို့နှစ်ယောက်က အရမ်းခင်မင်ကြတဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ဟိန်းဝေယံ က သူ့ရဲ့ နန်းဝတ်နန်းစားနဲ့ ပုံလေးတစ်ပုံကို ပုံနဲ့လိုက်မယ့် caption တစ်ခုခုလောက် 😄😄 ဆိုပြီး ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားတာပါ။ ဟိန်းဝေယံ ပုံတင်ထားတဲ့ အောက်မှာ စိုးပြည့် က " အရှင်မင်းကြီးဟိုဘက်ဘဲလှည့်နေပါ...ပြည်သူတွေစိတ်ချမ်းသာရတာပေါ့😌 " ဆိုပြီး အတည်ပေါက်နဲ့ ဆေးထိုးထားတာပဲ ဖြစ်ပါတယ်။
ဟိန်းဝေယံ ကလည်း စိုးပြည့် ကို "သမီးတော်တော့ ရာဇဒဏ်သင့်တော့မယ် 😌 " ဆိုပြီး ပြန်လည်ပြောထားပါတယ်။ အနုပညာမောင်နှမအချင်းချစ်းစနောက်နေတာကို ကြည့်ပြီး စိုးပြည့်နဲ့ ဟိန်းဝေယံ တို့ရဲ့ ပရိသတ်တွေက အရမ်းသဘောကျနေတာပါ။သရုပ်ဆောင် စိုးပြည့်သဇင် နဲ့ ဟိန်းဝေယံတို့ရဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;hein wai yan

POPULAR POSTS

ads