ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးနဲ့ ပုရိသပရိသတ်တွေကြားအရမ်းကိုရေပန်းစားသူလေးကတော့ ပရိသတ်အချစ်တော် ရွှေသမီးပဲ ဖြစ်ပါတယ်။ သူမကတော့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာရလာတဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့ထူးချွန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရတာဖြစ်ပါတယ်။
‘ဗိုလ်နေတိုး’ ရုပ်ရှင်ဇာတ်ကားကြီး Press Show ပွဲကိုတက်ရောက်ခဲ့တဲ့ သူမရဲ့ချစ်ဖို့ကောင်းလွန်းနေတဲ့ ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။‘ဗိုလ်နေတိုး’ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ (၂၁) ရက်မှာ ရုံတင်ပြသမှာဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအဖြစ် နေတိုး၊ မင်းဦး၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ ထူးခြား၊ သက်မွန်မြင့်၊ ပိုင်ဖြိုးသု၊ နန်းခင်ဇေယျာတို့ပါဝင်သရုပ်ဆောင်ထားတာလည်းတွေ့ရပါတယ်။
ရွှေသမီးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းမှာလည်း ခံစားချက်အပြည့်နဲ့ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်လေ့ရှိတာကြောင့် သူမရဲ့ အနုပညာအရည်အချင်းတွေကို ပရိသတ်တွေ ချီးကျူးလေ့ရှိတာပဲ ဖြစ်ပါတယ်။
ရွှေသမီးကတော့ ဝေဖန်မှုတွေ နဲ့မကင်းတဲ့အနုပညာလောကမှာ ဝေဖန်မှုတွေသိပ်မကြားရတဲ့ နာမည်ပျက်ကင်းတဲ့မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့ သရုပ်ဆောင်ရွှေသမီး ကရုံတင်ပြသနေတဲ့သခင်ကြီးနဲ့ငပိတို့စရာရုပ်ရှင်ကားကြီးမှာပါဝင်သရုပ်ဆောင်ထားပြီး အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
ပရိသတ်တွေရော မင်းသမီးလေးနဲ့တူတဲ့ ရွှေသမီးလေးကိုချစ်ကြလေးကို ချစ်ကြသေးရဲ့လားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက်မိုမိုလေးမှကျေးဇူးတင်ရှိပါတယ်။
creidt- momolay
Thursday, November 21, 2019
Home
/
Celebrity
/
‘ဗိုလ်နေတိုး’ ရုပ်ရှင်ဇာတ်ကားကြီး Press Show ပွဲမှာ အလှဆုံးကောင်မလေးတစ်ယောက်အနေနဲ့ တွေ့မြင်ရတဲ့ ရွှေသမီးရဲ့ပုံရိပ်များ
‘ဗိုလ်နေတိုး’ ရုပ်ရှင်ဇာတ်ကားကြီး Press Show ပွဲမှာ အလှဆုံးကောင်မလေးတစ်ယောက်အနေနဲ့ တွေ့မြင်ရတဲ့ ရွှေသမီးရဲ့ပုံရိပ်များ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity