သဇင်နွယ်ဝင်းကတော့ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး Tv Presenter တွေ ထဲက တစ်ယောက်ပါ။Presenter ဆိုပေမယ့် မင်းသမီးရှုံးမယ့် ရုပ်အလှကို ပိုင်ဆိုင်ထားသူလေးပါ။ချစ်စရာကောင်းပြီး ရယ်လိုက်တိုင်းသွားတက်လှလှ လေး နဲ့ အပြုံးလှပိုင်ရှင်လေးမို့ အားလုံးက သူမကို ချစ်ခင် အားပေးကြပါတယ်။ချစ်စရာကောင်းတဲ့ Presenter လေးကတော့ အခုဆို ရင်တော့ အက အရမ်းတော်တဲ့ Dancer မ လေး အဖြစ်နဲ့ ပရိသတ်အချစ်ကို ထပ်ပြီး သိမ်းယူထားပါတယ်။
သူမဟာ Dancing with the Stars Myanmar ဆိုတဲ့ TV ပရိုဂရမ်အစီအစဉ်မှာ ပါဝင် ပေးနေပါတယ်။အကနဲ့ အကျွမ်းတ၀င်မရှိတဲ့ အနုပညာနယ်ပယ်ထဲက သူတွေနဲ့နာမည်ကြီး ဆယ်လီ တွေက အက ဘက်မှာ တကယ့်ကျွမ်းကျင်သူတွေနဲ့ လက်တွဲပြီး ပရိသတ်ကို ဖျော်ဖြေတင်ဆက်ပေးနေတဲ့ အစီအစဉ်လေးပါ။Dancing with the Stars Myan mar အတွက် ကြိုးစားနေတဲ့ သဇင်နွယ်ဝင်းကိုတော့ MasterChef Myanmar Season 2 ရဲ့ ပြိုင်ပွဲဝင်ဟောင်း ဖိုးဝအောင်က လာရောက်အားပေးခဲ့ပါတယ်။
ဖိုးဝအောင်ကတော့ နေမကောင်းတဲ့ ကြားက Dancing with the Stars Myanmar rehearsal နမှော့ရော Final နေ့မှာပါ သဇင်နွယ်ဝင်းကိုလာအား ပေးသွားတာပါ။ဒီအကြောင်းကိုတော့ သဇင်နွယ်ဝင်းရဲ့ အကောင့်မှာ အခုလို တင်ထားပါတယ်။“Dancing with the Stars Myanmarrehearsal နေံရော final နေ့မှာရော နေမကောင်းတဲ့ကြားက surprise လာလုပ်တယ်.. လာပီးအားပေးတယ်… ဘလောက်ချစ်ဖို့ကောင်းလဲ…❤️❤️
သဇင်နွယ်ဝင်းကတော့ MasterChef Myanmar Season 2 မှာတော့ အစီအစဉ် တင်ဆက်သူ Host အဖြစ်နဲ့ ပါဝင်ပေးခဲ့တာပါ။ဖိုးဝအောင်က လည်းပြိုင်ပွဲဝင် ဖြစ်တာကြောင့် မောင်နှ မတွေလို ရင်းနှီးခင်မင်နေကြတာပါ။ဖိုးဝအောင်ရဲ့ Fb မှာတော့ သဇင်နွယ်ဝင်း ၊တခြားပြိုင်ပွဲဝင်တွေနဲ့ အတူ တွဲရိုက်ထားတဲ့ ပြိုင်ပွဲ တောက်လျောက် အမှတ်တရ ပုံလေးတွေ ကို ဝေမျှ ထားပါတယ်။Source:fb/Thazin Nwe & Phoe Wa Aung
Monday, November 25, 2019
သဇင်နွယ်ဝင်းကို Surprise လာလုပ်ပြီး အားပေးခဲ့တဲ့ ဖိုးဝအောင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity