Breaking

Sunday, November 17, 2019

“ကောက်ကြောင်းအလှတွေနဲ့ မောင်လေးတွေကိုခြွေလိုက်တဲ့ မအေးသောင်းရဲ့ TikTok “

 မအေးသောင်းလို့ ပရိသတ်တွေကချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ အပျိုကြီးမမ အေးဝတ်ရည်သောင်းကတော့ ကောက်ကြောင်းအလှတွေ ပေါ်လွင့်အောင်ဆော့ထားတဲ့ TikTok လေးနဲ့ မောင်လေးတွေအသည်းကိုခြွေလိုက် ပြန်ပါပြီနော်။သူဟာ ပုရိသတွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။အသက် (၁၂)နှစ်လောက်ကတည်းက မော်ဒယ်မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
 လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပေမယ့် ပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ “မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီး မှာတင် သူမရဲ့ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဖြူစင်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းကတော့ လူမှုအကျိုးပြုလုပ်ငန်းတွေကို အားတက်သရောနဲ့ ပါဝင်လုပ်ကိုင်နေတက်တဲ့ သူတွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။
မအေးသောင်းဟာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့လုပ်ကိုင်နေတာဖြစ်ပြီး သူရဲ့ လူမှုကွန်ရက်မှ ပရိသတ်တွေအချစ်ပိုစေမယ့် Tik Tok လေးတွေတင်ပေးလေ့ရှိသူလည်းဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ CeleGabar ပရိသတ်ကြီးအတွက် ကောက်ကြောင်းအလှတွေနဲ့ မောင်လေးတွေခြွေလိုက်တဲ့ မအေးသောင်းရဲ့ TikTokကို မျှဝေပေးလိုက်ပါတယ်။Source: Aye Thaung
credit-DarDar-CeleGabar

ads