Breaking

Saturday, December 21, 2019

သမီးအငယ်ဆုံးလေးနဲ့ ကျောင်းအတူတူ တက်ခဲ့တဲ့ ဖေဖေကြီး Ah boy

 ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ အဆိုတော် Ah boy ကတော့ ချစ်ဇနီးချောလေးရယ်၊ ချစ်ရတဲ့ သမီးလေးတွေရယ်နဲ့အတူ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သမီးတွေကို အရမ်းချစ်တဲ့ Ah boy က​တော့ လတ်​တ​လောမှာ ချစ်ရတဲ့ သမီးငယ်လေး စကားလက်နဲ့ ကျောင်းအတူတူ တက်ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ Ah boy ရဲ့ သမီးငယ်လေး စကားလက်ဖြိုးထွန်းကတော့ အရမ်းကိုချစ်ဖို့ကောင်းလွန်းတာမို့ ပရိသတ်တွေကလည်း အချစ်ပိုနေကြရတာပါနော်။

 Ah boy ကတော့ "အခု Scarlett လေးတက်နေတဲ့ Shichida Myanmar မှာ Daddy’s Week ဆိုလို့ ဖေဖေအာဘွိုင်း နဲ့အတူတူကျောင်းတက်... ❤️" ဆိုပြီး ချစ်ရတဲ့ သမီးငယ်လေးနဲ့အတူ ကျောင်းလိုက်တက်ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ချစ်စရာကောင်းတဲ့ သားအဖတွေ...။


သီချင်းဆိုရတာ အရမ်းဝါသနာပါတဲ့ အဆိုတော် Ah Boy က​တော့ လတ်​တ​လောမှာ စီးပွား​ရေးကို ဦးစား​ပေးလုပ်​နေဖြစ်​ပြီး ပရိသတ်တွေအတွက် သီချင်းအသစ်​တွေလည်း ထပ်​လုပ်​ဖို့ရှိတယ်​လို့ သိရပါတယ်​။ မိုမိုလေးချစ်ပရိသတ်တွေလည်း ပျော်ရွှင်​ကြည်​နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Kyaw Phyo Tun's Facebook

POPULAR POSTS

ads