Breaking

Sunday, December 1, 2019

အရိုးရှင်းဆုံးဘဝကို လွတ်လပ် ပျော်ရွှင်စွာ ဖြတ်သန်းပါဆိုတဲ့ နော်ဖောအယ်ထား

 ထူးခြားတည်ငြိမ်တဲ့ အလှတရားကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူလေး နော်ဖောအယ်ထားကတော့ ရယ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းသူလေး တစ်ဉီးပါ။ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ သူမကတော့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။ လတ်​တ​လောမှာ​တော့ ချစ်စရာမော်ဒယ်မလေး နော်ဖောအယ်ထားက ကမ်းခြေသို့ အလည်အပါတ် ရောက်ရှိနေတဲ့  သူမရဲ့ ကြည်နူးစရာပုံရိပ်တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ စိတ်ထားလှတဲ့​ နော်​ဖောအယ်​ထား​လေးက​တော့ ဘယ်နေရာရောက်ရောက်လန်းဆန်းပျော်ရွှင်နေတာပါ​နော်​။

 နော်​ဖောအယ်​ထားက​တော့ " အရိုးရှင်းဆုံးဘဝ ကိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ 🌈" ဆိုပြီး သူမရဲ့ပုံရိပ်​တွေကို တင်​ထားတာပါ။ တောင်ကြီးသူ ကရင်မလေး နော်ဖောအယ်ထားကတော့ မကြာခဏဆိုသလိုလည်း လှရက်လွန်းတဲ့ မွေးရပ်မြေဆီ အလည်ပြန်လေ့ရှိတာလည်း တွေ့ရပါတယ်။ဘယ်လိုတောင်ပျော်နေတာလဲ ကောင်မလေးရယ်❤️


ချစ်စရာကောင်မလေး နော်ဖောအယ်ထားကတော့ သူမရဲ့ရုပ်ရည်အလှထက် အရည်အချင်းကို ပိုအလေးထားသူမို့ အမြဲကြိုးစားသင်ယူပြီး သူမရဲ့အနုပညာကို ပရိသတ်တွေအတွက် ချပြဖြစ်နေတာပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ပျောက်ဆုံးနေသော အမှန်တရား" ဇာတ်လမ်းတွဲကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားပါသေးတယ်။ မိုမို​လေးပရိသတ်​တွေလည်း ရုပ်​လေးလှသလို​ စိတ်ထားလေးလည်း အေးချမ်းတဲ့​ နော်​ဖောအယ်​ထား​လေးကို သ​ဘောကျရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Naw Phaw El Htar's Facebook

POPULAR POSTS

ads