Breaking

Sunday, December 1, 2019

စီနီယာမမ မအေးသောင်းနဲ့အတူတူ ပွဲတက်ခဲ့တဲ့ပုံရိပ်တွေကို မျှဝေလာတဲ့ မေမြင့်မိုရ်

 ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရဲ့ပိုင်ရှင် မင်းသမီးချောလေး မေမြင့်မိုရ်က ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း အောင်မြင်မှုတွေ ရရှိခဲ့သူပါ။ မေမြင့်မိုရ်က အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေရပြီး အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မေမြင့်မိုရ်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါတယ်။

 မေမြင့်မိုရ်က လက်ရှိမှာ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးကို ဆက်တိုက် ရိုက်ကူးနေသလို ပွဲအခမ်းအနားတွေကိုလည်း လက်မလည်အောင် တက်ရောက်ပေးနေတာ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း မေမြင့်မိုရ်က 'Tecno'ဖုန်း Corner / 3 Mobile Phone စမ်းချောင်းဆိုင်သစ်ဖွင့်ပွဲကို အနုပညာလောကက စီနီယာအစ်မ အေးဝတ်ရည်သောင်းနဲ့အတူတူ ပွဲတက်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။

မေမြင့်မိုရ်က နက်ပြာရောင်ဝတ်စုံလေးနဲ့ နတ်သမီးလေးတစ်ပါးကိုလှနေပြီး ပရိသတ်တွေကြားမှာ ထင်ထင်ရှားရှား လှနေတာကို တွေ့ရှိရပါတယ်။မေမြင့်မိုရ်ကတော့ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းပြီး လှနေတာပဲနော်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်ရဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: May Myint Mo's fb

ads