Breaking

Sunday, December 1, 2019

သိန်းတစ်သောင်းဆုရှင်ပြောပြခဲ့တဲ့ သူတို့ဘဝနဲ့ ကံတရားအကျိုးပေးအခြေအနေ

 မရှိဆင်းရဲသားလေးတွေကိုမှ ရွေးပြီး ပေါက်ခဲ့တဲ့ သိန်းတစ်သောင်းထီ

သူ့နာမည်က စိုင်းဆန်းညွန့် ၊ ဇနီးက မဆွေဇင်လတ်  . .သားအကြီးလေးက မောင်အောင်ကောင်းစံ ၊ အငယ်လေးကတော့ နာမည်မပေးရသေး . . .သူတို့ဘဝက ဒီလိုပါ . . . .

ဖူးစာဆုံချင်တော့ ရှမ်းပြည် ကျောက်မဲက တောင်ပေါ်ကရှမ်းလေးတစ်ယောက်နဲ့ မန်းလေးက ပုဏ္ဏားအမျိုးသမီးငယ်တို့ ရေစက်ပါခဲ့သည်။
 အလုပ်ကတော့ ကြုံရာ ပန်းရံ လက်သမားအလုပ်ကို လုပ် ၊ မန်းလေမှာနေစရာအိမ်ကမရှိ ၊ဇနီးရဲ့ ဦးလေးဖြစ်သူ ဗေဒင်ဆရာကြီးက အိမ်မှာခေါ်ထားရသည်။ကြမ်းတမ်းလှတဲ့ ဘဝအခြေအနေမှာ ခေတ်ကပြောင်းလဲလာတော့ အိမ်ဆောက်ရာမှာ လက်သမားတွေ အလုပ်မဖြစ်တော့တဲ့ အချိန်၊
သံနဲ့ဆောက်တဲ့ခေတ်မို့ အလုပ်မရှိနေချိန် ကလေးက ၂ယောက် ၊ အလုပ်ပြောင်းပြီးဆေးသုတ်တဲ့အလုပ်ကို ပြောင်းလုပ်ခဲ့သည်။
ဦးလေးဗေဒင်ဆရာပုဏ္ဏားကြီးက  မင်းတို့ ကံကောင်းနေတယ် ထီထိုးဖို့မမေ့နဲ့ဆိုတဲ့ မကြာမကြာပြောတဲ့စကားရှိသည်။တစ်နေ့ မိသားစုလိုက် မဟာမြတ်မုနိဘုရားကြီးကို သွားဖူးပြီး အပြန် ….လမ်းမှာ ထီဆိုင်တွေ့တော့ ဦးလေးပြောတာကို သတိရမိတာနဲ့ ထီထိုးဖို့ ထီဆိုင်ထဲဝင်ခဲ့သည်။
အဲဒီအချိန် သားအကြီးလေးက သူရွေးမယ်ဆိုတဲ့သဘောနဲ့ သူ့ကို ချီခိုင်းလေသည်။အဖေဖြစ်သူက သူ့သားလက်ညှိုးထိုးခဲ့တဲ့ ၂စောင်တွဲ ထီလက်မှတ်ကို ထိုးဖြစ်ခဲ့သည်။ဒီနေ့ ၁ .၁၂.၂၀၁၉ ထီဖွင့်ရက်မှာ ထီဆိုင်မှ ထီပေါက်ကြောင်းဖုန်းဆက်လာတော့ ရုတ်တရက် မယုံနိုင်ခဲ့၊သေချာပြန်ပြီး ထီတိုက်ကြည့်တော့မှ သူအမှန်တကယ် ဆုငွေကျပ်သိန်းတစ်သောင်းကို ပေါက်နေပြီဆိုတာ သိခဲ့ရတော့သည်။
ထီဆုငွေထုတ်ပြီးတာနဲ့ နေစရာအိမ်ဝယ်မည်၊ အလှူကြီးပေးမည်၊ ကျေးဇူးရှင် ဦးလေးကြီးကိုလည်းကျေးဇူးဆပ်မည်။အလုပ်ကိုလည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်အောင် ကြိုးစာမည် . . .ဒါတွေ ဟာ သူ့ရဲ့အကောင်းဆုံးစိတ်ကူးလေးတွေပါ ၊D Nae Khit Media မှ မေးမြန်းရေးသားသည်။

POPULAR POSTS

ads