Breaking

Monday, December 9, 2019

ချစ်သူကောင်လေးမသိအောင် ပိုက်ဆံအိတ်ထဲအသုံးစရိတ်တွေဖြည့်ဖြည့်ပေးနေတဲ့ ကောင်မလေး

 ပိုက်ဆံအိတ်ထဲက ရှိတဲ့ပိုက်ဆံတွေ ဘယ်လောက်သုံးသုံး၊ သုံးမကုန်ဖြစ်စေချင်ကြတာ လူတိုင်းရဲ့စိတ်ကူးလေးပဲမဟုတ်လား။ ဒီလိုအဖြစ်အပျက်မျိုးတွေထဲကတစ်ခုကို တရုတ်နိုင်ငံက အမျိုးသားတစ်ယောက် ကြုံတွေ့ခဲ့ရပြီး အဲဒါကို World of Buzz မှ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
သူဟာ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ကျန်လဲဆိုတာ ကျွန်တော်တို့လိုပဲ တိတိကျကျမှတ်ထားတတ်သူတစ်ယောက် မဟုတ်ပေမယ့်လို့ အမြဲတမ်းလိုလို ၂ ပတ်စာ၊ ၂ ပတ်စာ အသုံးစရိတ်လေးကို ATM ထဲကထုတ်ကာ ပိုက်ဆံအိတ်ထဲ လွယ်လင့်တကူထည့်ထည့်ထားလေ့ရှိပါတယ်။

 ချစ်သူလေးနဲ့အပြင်သွားတိုင်းလည်း စားသောက်ဖိုးတွေ၊ သွားလာစရိတ်စတဲ့ ကုန်ကျစရိတ်မှန်သမျှ ယောက်ျားလေးဖြစ်တဲ့ သူ့ဖက်ကပဲ ပေးနေကျပါပဲတဲ့။ ဒါကြောင့် ပုံမှန်အိတ်ထဲထည့်ထားတဲ့ ပိုက်ဆံဟာ ၂ ပတ်ဆိုရင် ကုန်လေ့ရှိတာကိုတော့ သတိထားမိခဲ့ပါတယ်။ ဒါပေမဲ့ အခုတလော သူ့အနေနဲ့ ATM ထဲက ပိုက်ဆံမထုတ်တာ ကြာပါပြီ။ ဒါကို အစကတော့ သတိမထားမိခဲ့ပါဘူး။ အခုကျမှ ရုတ်တရက် သူပိုက်ဆံမထုတ်တာ ၂ လလောက်ရှိနေပြီဆိုတာကို သတိထားမိခဲ့ပါတယ်။ ATM ကို စစ်ကြည့်တဲ့အခါမှာလည်း နောက်ဆုံး ပိုက်ဆံထုတ်ထားခဲ့တာ လွန်ခဲ့တဲ့ ၂ လကျော်လောက်ကလို့ ထွက်လာခဲ့တဲ့အတွက် အမျိုးသားခင်ဗျာ တေ်ာတေ်ာလေးကို စဉ်းစားရကြပ်သွားခဲ့ပါပြီ။ ဘာကြောင့်ဆို သူ့အနေနဲ့ ၂ ပတ်စာပဲ ထုတ်ထားတဲ့ငွေဟာ ၂ လကျော်လောက်သုံးပြီးတာတောင် မကုန်ဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်လို့ပါပဲ။
ဒီအကြောင်းကို လက်ထပ်တော့မယ့် ချစ်သူလေးနဲ့ ထူးဆန်းတယ်လို့ပြောမိခဲ့တော့မှ ကောင်မလေးက သူ့ခင်ပွန်းလောင်းလေး အမြဲတမ်းအပြင်သွားတိုင်း ပိုက်ဆံထုတ်ရှင်းနေရလို့ဆိုပြီး မသိအောင် ပိုက်ဆံအိတ်ထဲ ပိုက်ဆံတွေ ထည့်ထည့်ပေးနေတာပါလို့ ဝန်ခံခဲ့ပါတော့တယ်။အမျိုးသားကတော့ ဒီစကားကိုကြားကြားချင်းပဲ သိပ်ချစ်တတ်တဲ့ သူမကိုမနှစ်ကတည်းကလက်ထပ်ခဲ့သင့်တာဆိုပြီး အတူတူမနေလိုက်ရတဲ့ ၁ နှစ်လောက်အချိန်တွေကို နှမောတသကြည်နူးစွာနဲ့ လူမှုကွန်ယက်မှာ post တင်ခဲ့ပါတယ်။ ဒီအကြောင်းဟာ လူတွေကြားထဲ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားကာ သူတို့အတွဲလေးကို အားကျနေခဲ့ကြပါတယ်တဲ့။

POPULAR POSTS

ads