Breaking

Saturday, December 14, 2019

“နောက်ထပ် တစ်ကြိမ် ပရိသတ်တွေကို အခွင့်အရေးတစ်ခုပေးဖို့ တောင်းဆို လိုက်တဲ့ နော်စေးစေးထူး”


မြန်မာအိုင်ဒေါပြိုင်ပွဲဝင် တစ်ဦးဖြစ်ခဲ့တဲ့ နော်စေးစေးထူး ကတော့ ပြိုင်ပွဲကိုနှုတ်ဆက် အိမ်ပြန်ခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေအတွက် ဒုတိယအကြိမ်အခွင့်အရေး သူမကိုပေးဖို့ ပရိသတ်တွေကို “ကဲ အသဲလေးတို့ရေ Channal 9 WILD CARD လေးနဲ့ အခွင့်အရေးရှိတုန်း အကောင်းဆုံးကြိုးစားပြချင်ပါသေးတယ် ။စေးရဲ့ ကြိုးစားမှုတွေကို တစ်ခါပြန် လည်မြင်တွေ့ခွင့်လေးပေးစေချင်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှ ဖော်ပြထားပါတယ်။


 နော်စေးစေးထူးကတော့ မြန်မာအိုင်ဒေါဆန်ကာတင်(၁၁)ယောက်စာရင်းမှာ ပါဝင် ယှဉ်ပြိုင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး “ဆောင်းရာသီအမှတ်တရ” သီချင်းများသီဆိုယှဉ်ပြိုင်မှုအပတ်မှာ ပြိုင်ပွဲကိုနူတ်ဆက်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။လီဆူးနဲ့ကရင်စပ်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ နော်စေးစေးထူးဟာ အသံကာလာထူးခြားကောင်းမွန်တဲ့အပြင် သီချင်းတွေကို စီးမျောခံစားပြီး သီဆိုနိုင် တာကြောင့် ပြိုင်ပွဲစဉ်တလျှောက်လုံးမှာတစ်ကြိမ်သာရမယ့် အခွင့်အရေးတစ်ခုဖြစ်တဲ့ ဒိုင်တွေရဲ့ Safe လုပ်ခြင်းကို ခံခဲ့ရသူပါ။ပထမတစ်ခါ Voting အနဲဆုံးနဲ့ ရရှိခဲ့တဲ့အချိန်မှာလည်း ဖြစ်လာတဲ့အချိန်အနေအပေါ်အကောင်းဆုံးရင်ဆိုင်ခဲ့ပြီး safe song ကိုတည်တည်ငြိမ်ငြိမ် နဲ့ သီဆိုခဲ့သူ တစ်ယောက်ပါ။

သီချင်းအပေါ်မှာ သက်ဝင်ခံစားသီဆိုမှုအားကောင်းသူတစ်ယောက်ဖြစ်တဲ့အတွက် ဒိုင်တွေရဲ့ မှတ်ချက်ကောင်းတွေကို အမြဲကြားရလေ့ရှိပြီး အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်သူတစ်ယောက်လည်း ဖြစ်တဲ့ နော်စေးစေးထူးကတော့ သူကို နောက်ထပ်တစ်ကြိမ်အခွင့်အရေးပေးဖို့ တောင်းဆိုလိုက်ပါတယ် ပရိသတ်ကြီးရေ….
Source: Naw Say Say Htoo,CRD-cele gabar

POPULAR POSTS

ads