ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး မေဧကရီထူးကတော့ စကားပြောလိုက်ရင် အရမ်းကို ချစ်ဖို့ကောင်းသူလေးပါ။ လတ်တလောမှာတော့ မေဧကရီထူးက မနေ့က ဒီဇင်ဘာလ ၂၀ ရက်နေ့ကပဲ ချစ်ရသူနဲ့ ရွှေလက်တွဲလိုက်ပြီဆိုတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူမကို အရမ်းချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ခွင့်ရတဲ့ မေဧကရီထူးကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ကောင်မလေးပါပဲနော်။
မင်းသမီးချောလေး မေဧကရီထူးကတော့ "**20.12.2019** save date -ဘဝရဲ့အမှတ်တရနေ့လေး 💞မင်္ဂလာဦးဆွမ်းကျွေးနှင့် မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ💞 *ဒီလိုနေ့လေးဖစ်လာဖို့အတွက် အစစအရာရာလိုလေသေးမရှိ အဆင်ပြေအောင် သားနဲ့သမီးကို စီစဉ်ပေးကြတဲ့ ကိုကို့ဖေဖေ+ မေမေ နှင့် ဖေကြီးနဲ့မေကြီးကို အရင်ဆုံးကျေးဇူးတင်ပါတယ်🙏
*မနေ့က ကိုယ်တွေနှစ်ယောက်ရဲ့ ပထမဆုံးပွဲလေးကို တကူးတက လာပီးကြွရောက်ချီးမြှင့်တဲ့ တယောက်ချငိးစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်💖 * နောက်ပီးမနေ့ကပွဲက နှစ်ဖက်မိဘဆွေမျိုးနှင့် မိတ်ဆွေအနည်းစုပဲဖိတ်ပီးလုပ်တဲ့ပွဲလေးမို့ ဖိတ်ဖို့ကျန်နေတဲ့သူတွေဆောရီးပါလို့ စိတ်ထဲတမျိုးမထင်စေချင်ပါဘူးရှင့်😞 " ဆိုပြီး သူမတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲက ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ သဘာဝကျကျ သရုပ်ဆောင်ရင်း လူသိများလာသူဖြစ်တဲ့ မေဧကရီထူးကတော့ ချစ်ရသူနဲ့ ဘဝတစ်ခုကို နှစ်ကိုယ်တူ ထူထောင်လိုက်ပြီပဲ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးသွားရင်လည်း အရင်လိုဇာတ်လမ်းတွဲတွေ ပြန်ရိုက်ဉီးမလားဆိုတာကတော့ ပရိသတ်တွေက စောင့်ကြည့်ကြရမှာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မေဧကရီထူးတို့စုံတွဲလေး ရာသက်ပန် ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါဉီးနော်။
Myint Myat
Source:May Akari Htoo's Facebook
Photo:Ye Hein
Saturday, December 21, 2019
ချစ်သူနဲ့ ရွှေလက်တွဲသွားပြီဖြစ်တဲ့ မင်းသမီးချောလေး မေဧကရီထူး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity