Breaking

Monday, December 2, 2019

ပုဂံမှာ လျှောက်လည်ခဲ့တဲ့ အလန်းစားပုံရိပ်တွေကို ချပြလိုက်တဲ့ သင်ဇာဝင့်ကျော်

 မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး မင်းသမီးတွေထဲက တစ်ဉီးဖြစ်တဲ့  သင်​ဇာဝင့်​ကျော်​က​တော့ လှပတဲ့ရုပ်​ရည်​နဲ့ ချစ်​စရာ​ကောင်းတဲ့ စိတ်​ထားကို ပိုင်​ဆိုင်​ထားသူ​လေးပါ။ စိတ်ဓာတ်ပြတ်သားပြီး လှပတယ်လို့ ပရိသတ်တွေက လက်ခံထားတဲ့ သင်​ဇာ​လေးက​တော့ လတ်​တ​လောမှာ ပုဂံသွားတုန်းက ရိုက်ကူးထားတဲ့ သူမရဲ့ အလန်းစားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်အချိန်ကြည့်ကြည့် အရမ်းလန်းပြီး ထင်ရှားနေတတ်တဲ့ သင်ဇာကတော့ ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံလေးနဲ့ အရမ်းကို ညှို့အားပြင်းနေတာပါနော်။


 သင်ဇာလေးကတော့ "Really had a great time there...thx u all 😘😘😘" ဆိုပြီး အရမ်းပျော်ခဲ့တယ်ဆိုတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီတဲ့ သင်ဇာကတော့ ဆွဲဆောင်မှုရှိတဲ့ ဂါဝန်လေးဝတ်ပြီး အထာကျကျဂေါ်နေတာပါနော်။

သင်​ဇာဝင့်​ကျော်​က​တော့ လတ်​တ​လောမှာ အနုပညာအလုပ်​တွေလုပ်​ရင်း အချစ်​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုကိုလုပ်​ကျွေးရင်း ဘဝကို​ပျော်​ပျော်​ကြီး ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ ခရီးသွားရတာကို ဝါသနာပါတဲ့ သင်​ဇာ​လေးက​တော့ မကြာခဏဆိုသလို ပြည်​တွင်း၊ ပြည်​ပခရီး​တွေ ထွက်​လေ့ရှိပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း ပုဂံမှာ အရမ်းလန်းနေတဲ့ သင်​ဇာလေးကိုချစ်ရင် သူမရဲ့ပုံရိပ်တွေကို အချင်းချင်း​ဝေမျှလိုက်​ကြဖို့မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Thinzar Wint Kyaw's Facebook
Photo; Nay Min Tun

POPULAR POSTS

ads