ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ အနုပညာလက်ရာတစ်ခုဖြစ်တဲ့ "ထာဝရနှောင်ကြိုး" Now & Ever ရုပ်ရှင်ဇာတ်ကားကြီးက ငါးပတ်ကျော်အပတ်ထိ ရုံတင်ပြသနိုင်ခဲ့ပြီး အောင်မြင်မှုတွေများစွာ ရရှိနေတာ ဖြစ်ပါတယ်။ "ထာဝရနှောင်ကြိုး" Now & Ever ရုပ်ရှင်ဇာတ်ကားကြီးက စတင်ရိုက်ကူးတဲ့ အချိန်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး အခုချိန်ထိတိုင် ရုံပြည့်ရုံလျှံအားပေးနေကြဆဲ ဖြစ်ပါတယ်။
"ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ FAN MEETING အခမ်းအနားကို ရန်ကုန်မြို့ Juction Square မှာ ဇာဏ်ခီ၊ ခရစ္စတီးနားခီနဲ့တကွ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ပြီး ပရိသတ်တွေများစွာကလည်း လာရောက်အားပေးကြပါတယ်။"ထာဝရနှောင်ကြိုး "Now & Ever ရုပ်ရှင်ဇာတ်ကားကြီးက ဝင်ငွေ သိန်းပေါင်း (၂၄၀၀၀) ရရှိခဲ့တယ်လို့ ဒါရိုက်တာ ခရစ္စတီးနားခီက Fan Meeting မှာ ကြေငြာခဲ့ပါတယ်။ ဝင်ငွေ သိန်း (၂၄၀၀၀) မှ တစ်ဝက်ကို ရုံတင်ပြသပေးတဲ့ ရုံပိုင်တွေက ရရှိခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ Central Base ရုပ်ရှင်ထုတ်လုပ်ရေးက ရရှိခဲ့ပါတယ်။
"ထာဝရနှောင်ကြိုး "Now & Ever ရုပ်ရှင်ဇာတ်ကားကြီးမှ ရရှိခဲ့တဲ့ ဝင်ငွေမှ နိုင်ငံတော်ကို အခွန်သိန်း (၁၁၀၀) ပေးဆောင်မယ်လို့  ဒါရိုက်တာ ခရစ္စတီးနားခီက ဂုဏ်ယူစွာပြောခဲ့တာ ဖြစ်ပါတယ်။Central Base ရုပ်ရှင်ထုတ်လုပ်ရေးက မုဒြာခေါ်သံ၊ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း အခွန် သိန်း (၁၈၀၀) ဆောင်ခဲ့သေးတယ်လို့ ဆိုထားပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ လုပ်ဆောင်ချက်ကတော့ တကယ်ကို ဂုဏ်ယူစရာပါပဲနော် ပရိသတ်ကြီးရေ...
Rowena
Source: Now & Ever
Tuesday, December 3, 2019
Home
/
Celebrity
/
ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီး ဝင်ငွေမှ နိုင်ငံတော်သို့ သိန်းပေါင်း (၁၁၀၀) အခွန်ဆောင်မယ့် ခရစ္စတီးနားခီ
ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီး ဝင်ငွေမှ နိုင်ငံတော်သို့ သိန်းပေါင်း (၁၁၀၀) အခွန်ဆောင်မယ့် ခရစ္စတီးနားခီ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity