Breaking

Friday, December 6, 2019

နုပျိုလန်းဆန်းတဲ့ ပန်းပွင့်ဖတ်လေးလို လှပလွန်းတဲ့ ယွန်းယွန်းရဲ့ပုံရိပ်တွေ

 ထူးချွန်တဲ့ ကလေးသရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်တွေ အချစ်ပိုခဲ့ရတဲ့ ချစ်စရာ ကောင်မလေး ယွန်းယွန်းကတော့ အခုဆိုရင် ဆယ်ကျော်သက် မိန်းမပျိုလေး တစ်ဦးအဖြစ် အလှပဆုံး အရွယ်ရောက်လာပြီမို့ အဓိက မင်းသမီးတစ်ဦးအနေနဲ့ပါ ဇာတ်ကားတွေ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယွန်းယွန်းလေးက နူးညံ့လန်းဆန်းတဲ့ ပန်းပွင့်လေးလို လှရက်လွန်းနေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြန်မာဆန်ဆန်လေးဝတ်ထားတဲ့ ယွန်းယွန်းရဲ့ပုံရိပ်တွေကတော့ ကျက်သရေရှိပြီး မြင်ရသူတွေရဲ့ရင်ကို အေးမြသွားစေပါတယ်နော်။


 ယွန်းယွန်းကတော့ "Was a good dayyy 🌸🍃🍁🌝"  ဆိုပြီး မြန်မာဆန်ဆန်လေးနဲ့ အရမ်းကိုလှနေတဲ့ သူမရဲ့ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ငယ်ငယ်ကတည်းက သရုပ်ဆောင်အရမ်းကောင်းတဲ့ ယွန်းယွန်းလေးကတော့ "တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီးကို ဆွတ်ခူးထားပါသေးတယ်နော်။
မင်းသမီးချောလေးအဖြစ် ပရိသတ်တွေရဲ့မျက်စိရှေ့ကို ရောက်ရှိလာတဲ့ ယွန်းယွန်းကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ခပ်ကြဲကြဲလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ မိဘကို အရမ်းသိတတ်တဲ့ သမီးလိမ္မာလေး ယွန်းယွန်းကတော့ ဘယ်သွားသွား မိဘတွေနဲ့အတူ သွားတတ်သူလေးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုပြီး အလှသွေးကြွယ်လာတဲ့ ယွန်းယွန်းလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Yoon Yoon's Facebook

POPULAR POSTS

ads