ငယ်ငယ်ကတည်းက အနုပညာအလုပ်ကို တစိုက်မတ်မတ် ကြိုးစားလုပ်ကိုင်ခဲ့သူလေးဖြစ်တဲ့ အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ လက်ရှိအချိန်အထိ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန်းဆုလေးက ငွေမှင်ရောင် တောက်ပနေတဲ့ ဖက်ရှင်နဲ့ ခမ်းခမ်းနားနား ပွဲတက်လာတဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဖက်ရှင်အမြင်ရှိတဲ့ နန်းဆုလေးကတော့ Event ပွဲတွေတက်တိုင်း အားလုံးက ငေးမောယူရလောက်တဲ့အထိကို သေချာပြင်ဆင်ပြီး တက်ရောက်လေ့ရှိသူလေးမို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။
နန်းဆုရတီစိုးကတော့ "GOLD AYA Jacktour X70 launch event Gold Aya ရဲ့ A very new car model ဖြစ်တဲ့ Jacktour X70 ကားသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တဲ့ပုံလေးတွေပါ နောက်ဆုံးပေါ်ခေတ်မှီနည်းပညာတွေနဲ့ထုတ်လုပ်ထားပြီး နိုင်ငံတကာမှာနာမည်ရအောင်မြင်နေတဲ့ supplier companyတွေကို အသုံးပြုထားတာကြောင့် အရည်အသွေးမြင့်မားတဲ့ထောက်ခံချက်တွေ လုံခြုံမှုမြင့်မားတဲ့ featuresတွေပါဝင်ပါတယ်. ဒါကြောင့် Jacktour X70က မိသားစုတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ.." ဆိုပြီး ခမ်းခမ်းနားနား ပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။တစ်နေ့တစ်ခြား ပိုပိုလှလာတယ် နန်းဆုလေးရယ်...။
လက်ရှိမှာ အချစ်ရေးနဲ့ပတ်သတ်ပြီး တစ်ကိုယ်တည်းဖြစ်သွားပြီဆိုတဲ့ နန်းဆုရတီစိုးကတော့ သူမချစ်ရတဲ့ သီချင်းတွေကိုပဲ အာရုံစိုက်ပြီး လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်သူတွေမဟုတ်ကြတော့ပေမယ့်လည်း ရန်သူတွေမဖြစ်ခဲ့ကြဘူးလို့ သူမတို့ရဲ့Relationship အကြောင်းကို အင်တာဗျူးတွေမှာ ဖြေသွားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်ယောက်တည်းဖြစ်ပြီးမှ ပိုပိုလှလာတဲ့ နန်းဆုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Nansu Yati Soe's Facebook
Monday, December 2, 2019
ငွေမှင်ရောင်တောက်ပနေတဲ့ ဖက်ရှင်နဲ့ ခမ်းခမ်းနားနား ပွဲတက်ခဲ့တဲ့ နန်းဆုရတီစိုး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity