မြန်မာပရိသတ်တွေ အရမ်းချစ်ကြတဲ့ ဘောလုံးသမား အောင်သူနဲ့ နိုင်ငံကျော် မင်းသမီးချောလေး ပိုးအိအိခန့်တို့နှစ်ဉီးကတော့ တစ်ဉီးကို တစ်ဉီး နှစ်နှစ်ကာကာ ချစ်မိသွားကြတာမို့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို နှစ်ကိုယ်တူ ပုံဖော်ထားကြတာပါ။ လတ်တလောမှာတော့ ပိုးအိအိခန့်က အရမ်းကို ချစ်စရာကောင်းတဲ့ သူမတို့မိသားစုလေးရဲ့ ခရီးသွားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အင်္ကျီဆင်တူလေးတွေဝတ်ပြီး အရမ်းကိုချစ်ဖို့ကောင်းနေတဲ့ အောင်သူတို့မိသားစုလေးကတော့ ခရီးထွက်ရင်း အရမ်းကို ပျော်ရွှင်နေကြတာပါ။
ပိုးအိအိခန့်ကတော့ "❤️Happy Family❤️" ဆိုပြီး ကြည်နူးပျော်ရွှင်ခဲ့ရတဲ့ မိသားစုခရီးစဉ်က ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ အရမ်းကို ချစ်စရာကောင်းတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သားဉီးလေး သွင်ဉီးဟန်ကတော့ အနေအေးတာမို့ အမေဖြစ်သူကလည်း အရမ်းကို အချစ်ပိုနေတာ တွေ့ရပါတယ်နော်။
ပရိသတ်တွေကပါ အရမ်းချစ်ပေးကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က မင်္ဂလာပွဲ ကျင်းပခဲ့တာဖြစ်ပြီး၊ အခုဆိုရင် အရမ်းကို ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ လက်ရှိ ထိုင်းမှာ ကစားနေတဲ့ အောင်သူကတော့ မိသားစုအတွက် ပိုကြိုးစားနေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ အောင်သူတို့ မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Poe Ei Ei Khant's Facebook
Tuesday, December 3, 2019
Home
/
Celebrity
/
အင်္ကျီဆင်တူလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ မိသားစုလေး
အင်္ကျီဆင်တူလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ မိသားစုလေး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity