လက်တလောလူမှုကွန်ယက်ပေါ်မှာ ရေပန်းစားနေတဲ့ သရုပ်ဆောင်ဝါဝါဝင်းရွှေရဲ့ မြေးမလေး (၂) ဦးကတော့ သားကြီးဝင်းထွဋ်ဝင်းက မွေးဖွားလာတဲ့ သမီးချောလေးနှစ်ဦးဖြစ်ပါတယ်။ သူတို့တွေကတော့ ဝါရွှေနွယ်သွေးဝင်း နဲ့ ဝင်းဝါပန်းမြတ်သွေးတို့ပဲ ဖြစ်ပါတယ်။
“ပုံထဲက ကောင်လေးက ညီမရဲ့ သူငယ်ချင်းပါ .. စေ့စပ်ထားတယ်ဆိုတာလည်းမဟုတ်ပါဘူး” ဆိုပြီး သတင်းအမှားတွေ အ ပေါ် ဖြေရှင်းလိုက်တဲ့ ဝါဝါဝင်းရွှေရဲ့ မြေးအငယ်မ လေး ဝင်းဝါ ပန်းမြတ်သူက ပြောကြားလိုက်ပါတယ်။
သမီးရဲ့နာမည်ကတော့ ဝင့်ဝါပန်းမြတ်သူဖြစ်ပါတယ်။ အခုလာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့ဆိုရင် အသက် ၁၆ နှစ်ပြည့်ပြီလို့လဲ သိရပါတယ်။ အခု ၁၆ နှစ်ပြည့်တော့မယ့် အချိန်မှာ ဖေ့ဘွတ်မှာလည်း အရမ်းပေါက်ပြီး အားပေးကြတဲ့အတွက် အရမ်းပျော်ရွှင်ပါတယ်။ ပုံထဲမှာပါနေတဲ့ ကောင်လေးက ညီမရဲ့ သူငယ်ချင်းပါ…နောက်ပြီးစေ့စပ်ထားတယ်ဆိုတာလည်း မဟုတ်ပါဘူးရှင် ” လို့ ဝင်းဝါပန်းမြတ်သူက ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာပါ။
အသက် ၁၅ နှစ်အရွယ်သာရှိသေးတဲ့ မြေးအငယ်မလေး ဝင်းဝါပန်းမြတ်သွေးနဲ့ အကြီးမလေး ဝါရွှေနွယ်သွေးဝင်းတို့ ၂ဦးဟာ ချစ်စဖွယ်မျက်နှာလေးတွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပြီး အဘွားဖြစ်သူ ဒေါ်ဝါဝါဝင်းရွှေရဲ့ လှပမှုတွေကို အမွေရရှိထားကြသူလေးတွေလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်နာမည်တွေက ဝါသွေးနဲ့ ပန်းသွေးပါတဲ့။အန်တီဒေါ်ဝါဝါဝင်းရွှေဟာ အကြီးမလေး ဝါရွှေနွယ်သွေးဝင်းကို သူမရဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရှင်ဥပဂုတ္တ ဇာတ်ကားထဲမှာ ထည့်သွင်းရိုက်ကူးခဲ့သေးတာဖြစ်ပြီး ဝါရွှေနွယ်သွေးဝင်းရော ဝင်းဝါပန်းမြတ်သွေးပါ အနုပညာ ဝါသနာပါကြတယ်လို့ သိရပါတယ်။