ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးကို ပရိသတ်တွေကလည်း သတိထားမိကြပြီး နှစ်သက်အားပေးကြပါတယ်။
နေခြည်ဦးက အခုဆိုရင် အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးလေးတစ်ဦးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ အောင်မြင်လာတာနဲ့အမျှ ဇာတ်ကားတွေ လက်မလည်အောင် ရိုက်ကူးနေရတဲ့ နေခြည်ဦးက ဒီနေ့မှာတော့ သူမရဲ့ ပုံရိပ်လေးတစ်ခုကို မျှဝေထားပါတယ်။
နေခြည်ဦးက ဒါရိုက်တာ ပွင့်သီင်္ဂီဇော် ရိုက်ကူးပြီး မိုရီဆာကီဝင်း၊ အုပ်စိုးခန့်တို့နဲ့အတူတူ သရုပ်ဆောင်နေတဲ့ "အိပ်မက်တွေမိုးထားတဲ့အိမ်" ဇာတ်လမ်းတွဲမှ ပုံရိပ်တွေကို မျှဝေထားတာ ဖြစ်ပါတယ်။
နေခြည်ဦးက "လူက ချစ်ဖို့ကောင်းနေတော့ မချေတတ်ဘူး ထင်နေကြတယ်။ “အိပ်မက်တွေမိုးထားတဲ့အိမ်” MNTV SERIES မှာ ပါးပါးလေး လုပ်ပြထားတယ်။" ဆိုပြီး ရိုက်ကွင်းပေါ်မှ အမှတ်တရ ပုံရိပ်တွေကို ဖော်ပြထားတာပါ။အမြဲတမ်း ပျော်ရွှင်ပေါ့ပါးစွာတွေ့ရတဲ့ နေခြည်ဦးက အခုလိုပုံစံလေးနဲ့လည်း တစ်မျိုးလေးလှနေတာပဲနော်။ ပရိသတ်ကြီးလည်း နေခြည်ဦး ရဲ့ ပုံရိပ်တွေကို သဘောကျ ကျေနပ်ကြမယ် ထင်ပါတယ်နော်။
Rowena
Source: Nay Chi Oo's fb
Monday, December 2, 2019
လူက ချစ်ဖို့ကောင်းနေတော့ မချေတတ်ဘူး ထင်နေကြတယ်ဆိုတဲ့ နေခြည်ဦး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity