မိဘရဲ့ မေတ္တာဆိုတာ ဘာနဲ့မှနှိုင်းလို့မရအောင် ကြီးမားတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ တော်တော်များများ က မိဘနှစ်ပါးမှာ အမေကို ပိုချစ်တတ်ကြပါတယ်။ ဒါပေမဲ့ မိသားစုအတွက် အနစ်နာခံပေးဆပ်နေကြတဲ့ အဖေ တွေလည်း အများကြီးပါ။ ထိုင်းနိုင်ငံ၊ မြောက်ပိုင်းက လယ်သမားကြီးတစ်ယောက်ဟာလည်း ကိုယ်တိုင် ပညာ မတတ်ပေမဲ့ သားဖြစ်သူ ပညာတတ်ဘွဲ့ရဖြစ်ရေးအတွက် ပိုင်ဆိုင်သမျှကို စွန့်လွှတ်ပြီး ကျောင်းထားပေးခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးရှာတဲ့ အဲဒီလယ်သမားကြီးဟာ ဇနီးဖြစ်သူ မီးတွင်းထဲမှာဆုံးသွားခဲ့ပေမဲ့ လူမမယ်သားငယ်ကို သူ တစ်ယောက်တည်းမွေးမြူဖို့ ဇွဲမလျှော့ခဲ့ပါဘူး။ အဲဒီအပြင်ကို သားဖြစ်သူ တက္ကသိုလ်ကနေ ပါရဂူဘွဲ့ရရှိရေး အတွက် စွန့်လွှတ်အနစ်နာခံခဲ့ပါတယ်။ ပါရဂူဘွဲ့ဝတ်စုံဝတ်ဆင်ထားတဲ့ သားဖြစ်သူနဲ့ အဝတ်အစား အနေအထိုင်မလှပပေမဲ့ စိတ်ထားလှပပြီး ဉာဏ်ရှိတဲ့ ဖခင်ဖြစ်သူတို့ အတူတွဲဖက်ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ ဟာလည်း မြင်သူတကာကို ကြည်နူးမှုရရှိစေပါတယ်။
ဇနီးဖြစ်သူဆုံးပါးသွားပြီးနောက်မှာ သူ့မှာမိသားစုဆိုလို့ သားတစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ အဖေတစ်ယောက် အနေနဲ့ လယ်ယာအလုပ်ကို တစ်ဖက်ကလုပ်ရင်း လူမမယ်သားငယ်ကို ထိန်းကျောင်းမွေးမြူဖို့ဆိုတာ အတော် ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုအခက်အခဲပေါင်းများစွာကို ခါးစည်းရင်ဆိုင်နေရတဲ့ကြားမှာ ပညာရေးဟာ အရေးကြီးတယ်ဆိုတာကို သူသဘောပေါက်ခဲ့ပါတယ်။ ဒါ့ပြင် သူ့သားကိုလည်း အကောင်းတကာ့အကောင်းဆုံး တွေ ပေးချင်ခဲ့ပါတယ်။ “အဖေက ကျွန်တော့်ရဲ့အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ။ ကျွန်တော့်ကို ပညာဆုံးခန်းတိုင်စေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။” လို့ သားဖြစ်သူက သူဘွဲ့ယူတဲ့နေ့မှာ ထုတ်ပြောခဲ့ပါတယ်။
သူ့ဖခင်ရဲ့ မလျှော့တဲ့ ဇွဲလုံ့လ ကြောင့်သာ သူအခုလိုအောင်မြင်မှုကို ရရှိပိုင်ဆိုင်ခဲ့တာပါ။ သူတို့သားအဖဟာ ထိုင်းနိုင်ငံ Hmong မျိုးနွယ်စုဝင် တွေ ဖြစ်ပါတယ်။ Hmong တောင်ပေါ်လူမျိုးစုတွေဟာ အများအားဖြင့် ဆင်းရဲနွမ်းပါးကြပြီး ပညာရေး ဆုံးခန်းတိုင်တာလည်း ရှားပါးပါတယ်။ ဖခင်ဖြစ်သူ လယ်သမားကြီးဟာ သားဖြစ်သူရဲ့ပညာရေးအတွက် သူပိုင်ဆိုင်သမျှအားလုံးကို ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ တစ်ချို့ဘဝတွေမှာ ပညာရေးဆိုတာ သူတို့ရဲ့ဦးစားစာရင်းထဲမှာ ပါလေ့မရှိပါဘူး။ စားစရာရှိနေပြီး တစ်နေ့တာအတွက် အသက်ဆက်ခွင့်ရနေရုံနဲ့ သူတို့ဘဝတွေဟာ လုံလောက် နေပါပြီ။ ဒါပေမဲ့ လယ်သမားကြီးကတော့ သူ့သားကို ကျောင်းပို့ပြီး ပညာသင်ပေးဖို့ကိုပဲ အဓိကဦးစားပေးခဲ့ပါတယ်။သူတို့ဟာ ဆင်းရဲနွမ်းပါးပြီး ပညာသိပ်မတတ်ကြတဲ့ မျိုးနွယ်စုကဆင်းသက်လာပေမဲ့ ပညာရေးဟာ သူတို့ဘ၀ အတွက် အပြောင်းအလဲဖြစ်နိုင်တာကို ဖခင်ဖြစ်သူအနေနဲ့ ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ သူတို့ သားအဖနှစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဟာ ဖခင်တစ်ယောက်ရဲ့မေတ္တာတရားကို အပြည့်အ၀ ဖော်ကျူးထားသလို မဖြစ်နိုင်တဲ့အရာမရှိဘူးဆိုတာကိုလည်း သက်သေပြလိုက်တာပါ။ နွံနစ်နေရင်တောင် ဇွဲလုံ့လ၊ ဉာဏ်ပညာတို့နဲ့ ရုန်းထနိုင်ပါသေးတယ်။
Wednesday, December 11, 2019
Home
/
News
/
ဆင်းရဲပေမဲ့ ပိုင်ဆိုင်သမျှရောင်းချပြီး သားဖြစ်သူပါရဂူဘွဲ့ရအောင် ထောက်ပံ့ခဲ့သော လယ်သမားကြီး
ဆင်းရဲပေမဲ့ ပိုင်ဆိုင်သမျှရောင်းချပြီး သားဖြစ်သူပါရဂူဘွဲ့ရအောင် ထောက်ပံ့ခဲ့သော လယ်သမားကြီး
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
News
Tags
News