အခုလည်း မလေးရှားနိုင်ငံမှာ Johor မှာ ကလေးတစ်ယောက် အဖြစ်ဆိုး ကြုံခဲ့ရပါတယ်။ သူမဟာ (၅)လွှာကနေ တစ်ဖက်အဆောက်ဦကို ပေါင်းကူးအဖြစ် ဆောက်လုပ်ထားတဲ့ တံတားကနေ ဖြတ်လျှောက်စဉ် ကျွံပြီးအောက်ကို ပြုတ်ကျခဲ့တာပါ။ အဲဒီတံတား ဆောက်လုပ်ဆဲဖြစ်လို့ ဖြတ်လျှောက်ခွင့် မပြုသေးပါဘူး။ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁)ရက် တနင်္ဂနွေနေ့က ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ပျက်ခဲ့ရာနေရာကတော့ Batu Pahat မြို့က ထပ်မြင်အဆောက်ဦမှာ ဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့ ကလေးမလေးကတော့ အသက်(၁)နှစ်နဲ့ (၇)လဖြစ်ပြီး၊ သူတို့ မိသားစုကတော့ ဆောက်လုပ်ရေးကုမ္ပဏီကို တရားစွဲမှာလို့ သိရပါတယ်။တံတားဟာ မပြီးဆုံးသေးလို့ လျှောက်လို့မရဘူးဆိုသော်လည်း၊ တကယ်က သတိပေးဘုတ် ထောင်ထားရမှာလို့ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်တဲ့ ကုမ္ပဏီဘက်ကတော့ ဘာမှ တုန့်ပြန်ခြင်း မရှိသေးပေမယ့်၊ သူတို့အမှား မဟုတ်ဘူးလို့ ရပ်တည်သူတွေလည်း ရှိနေပါတယ်။#Crd ETS