Breaking

Monday, December 2, 2019

“အကပြိုင်ပွဲအတွက် မရှိ ရှိတဲ့အချိန်အတွင်းမှာ ကြိုးစားလေ့ကျင့်ရင်း ခေါင်းထိခိုက်ခဲ့တဲ့ ဆုအိမ့်စံ”

 မော်ဒယ်လ်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ဆုအိမ့်စံကတော့ စွဲမက်ဖွယ်ခန္ဓာကိုယ်နဲ့ မျက်နှာဖူးဖူးလေးကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဗွီဒီယိုဇာတ်လမ်းပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေနဲ့ မအားလပ်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ရေးကိုယ်တာပြဿနာတစ်ခုဖြစ်တဲ့ သူရိယနဲ့ ပြတ်ဆဲမှုအပြီးမှာတော့ ဆုအိမ့်စံဟာ စိတ်မချမ်းသာမှုတွေ အနည်းငယ်ကြုံတွေ့ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ပြန်လည်နလန်ထူပြီး အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။




 ဆုအိမ့်စံဟာ လက်ရှိ MRTV-4 မှာထုတ်လွှင့်ပြသနေတဲ့ Dancing with the stars အစီအစဉ်မှာ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်တင်ဆက်နေတာလည်း ဖြစ်ပါတယ်။ အကပညာမှာကျွမ်းကျင်သူတစ်ယောက်မဟုတ်ပေမယ့်လည်း အကောင်းဆုံးကြိုးစားသင်ယူကာ ဖျော်ဖြေခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အပတ်စဉ်တိုင်းမှာ ကြိုးစားဖျော်ဖြေခဲ့တဲ့ ဆုအိမ့်စံတစ်ယောက်ကတော့ အခုနောက်ဆုံးဖျော်ဖြေခဲ့တဲ့အပတ်မှာတော့ အမှတ်အနည်းငယ်သာ ရရှိခဲ့တာဖြစ်ပြီး အားပေးနေတဲ့ ပရိသတ်ကြီးအတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်းကို “ဒီတစ်ပတ် Foxtrot အကမှာ တော်တော်အားနည်းသွားတယ်… ဆုဆုကိုယ်ရေးကိုယ်တာကိစ္စမှာ Pressure များ အလုပ်တွေရှုပ်နေတော့ သေချာကျင့်ရတာ (၁)ရက်ပဲရှိတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်။ အမှတ်အများကြီး ရစေချင်တဲ့ ချစ်ပရိသတ်ကြီးအတွက် စိတ်မကောင်းပါဘူး” လို့ရေးသားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဆုအိမ့်စံကတော့ သူအကကျင့်ရင်း ခေါင်းရိုက်မိတဲ့ ဗွီဒီယိုဖိုင်လေးကိုလည်း တင်ပေးထားပြီး အချိန်တစ်ရက်ပဲရတော့လို့ သေချာကြိုးစားလေ့ကျင့်ရင်း ကြမ်းပြင်နဲ့ခေါင်းရိုက်မိခဲ့ကာ အဲ့ဒီဒဏ်က နောက်တစ်ရက်ထိ မူးနေတုန်းပဲလို့ဆိုပါတယ်။ ဆုဆုကတော့ အချိန်မရှိတဲ့ကြားထဲက အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နောက်တစ်ပတ်ပိုကြိုးစားပါ့မယ်လို့ သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဆုဆုကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်ကြီးလည်း နောက်တစ်ပတ်တွေမှာလည်း ဆက်လက်ပါဝင်နိုင်ဖို့ Voting ပေးလိုက်ကြပါဦးနော်။Source – Hsu Eaint San,CRD-Cele Gabar

POPULAR POSTS

ads