ပရိသတ်တွေကတော့ နောင်နှစ် သင်္ကြန်ကာလမှာ ရုပ်ရှင်ကားကောင်းတစ်ကားကို ကြည့်ရှုခွင့်ရတော့မှာပါ။ နာမည်ကျော် အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ပရိသတ်အချစ်တော် ဆရာဝန်မလေး ပိုးမမှီသာတို့ကတော့ “ပိတောက်ကတဲ့ ဂီတ” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ အတူသရုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
“ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီးကိုတော့ ယခုနှစ် ဇူလိုင်လ ကတည်းက စတင်ပြီးတော့ ရိုက်ကူးရေးအတွက် ပြင်ဆင်နေခဲ့တာဖြစ်ပြီး ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အကောင်းဆုံးကို တင်ဆက်နိုင်ဖို့အတွက် ဖန်တီးပုံဖော်နေကြတာဖြစ်ပါတယ်။ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကိုတော့ မန္တလေးမှာ ရိုက်ကူးနေတာဖြစ်ပြီး ကျော်သူ၊စိုးမြတ်သူဇာ၊အေးမြတ်သူ၊စိုင်းစိုင်းခမ်းလှိုင်၊ ပိုးမမှီသာတို့က အဓိက ပါဝင်သရုပ်ဆောင်နေကြတာဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားမှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ပိုးမမှီသာတို့ကို စုံတွဲအဖြစ်နဲ့ လိုက်ဖက်ညီညီ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ မြူးမြူးကြွကြွနဲ့ သင်္ကြန်ကာလကို နိုးကြွစေမယ့် ဒီဇာတ်ကားကိုတော့ ဒါရိုက်ကတာ မီးပွားက စီစဉ်ရိုက်ကူးနေတာဖြစ်ပါတယ်။SOurce: ပိတောက်ကတဲ့ ဂီတ
Tuesday, December 10, 2019
Home
/
Celebrity
/
နောက်နှစ်သင်္ကြန်မှာ ကြည်ရတော့မယ့် စိုင်းစိုင်းခမ်းလှိုင်နဲ့ ပိုးမမှီသာတို့ရဲ့ ရုပ်ရှင်ကားကြီး
နောက်နှစ်သင်္ကြန်မှာ ကြည်ရတော့မယ့် စိုင်းစိုင်းခမ်းလှိုင်နဲ့ ပိုးမမှီသာတို့ရဲ့ ရုပ်ရှင်ကားကြီး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity