Breaking

Saturday, December 14, 2019

“စိုးစန္ဒာအပေါ် ပရိသတ်တွေ အားပေးကြမ်း ပုံကိုပြောပြ လာတဲ့ ခြူးလေး”

 ပရိသတ်တွေ အားပေးတဲ့ ရုပ်သံဇာတ်လမ်းတွဲ ရဲ့ ပင်တိုင်စံမင်းသမီးလေးလို့ ဆိုရလောက်တဲ့ ခြူးလေး ကတော့ ဒီဇင်ဘာလ(၁၃)ရက်နေ့ညမှာ ဇာတ်သိမ်း သွားပြီဖြစ်တဲ့ “နွေလယ်ညရဲ့လမင်း” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ စိုးစန္ဒာဆိုတဲ့ ကာရိုက်တာလေးကို ပရိသတ်တွေ အားပေးကြမ်းခဲ့ပုံကို “စိုးဆိုတဲ့ မိန်းမက ဘယ်တော့မှ နောင်တမရတတ်ဘူး။ လုပ်ချင်တာကို လုပ်တယ် ဖြစ်လာတော့လည်း အေးဆေးဘဲ။ ကောလင်းဘက် တစ်လျှောက် ချစ်ပရိတ်သတ်တွေ အားပေးကြမ်းချက် စိုးလို Style နဲ့ ဆိုပေးပါလို့တောင် တောင်းဆိုကြတယ်။” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 ခြူးလေးဟာ ပိုက်ဆံတစ်ခုသာ တစ်မျက်နှာထင်တဲ့ မိန်းမဆိုးလေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပြီး သူမဟာ ယောကျာ်း ကိုလဲ ဂရုမစိုက်သလို နှလုံးရောဂါသည် ယောက္ခမဖြစ်သူကိုလဲ သေစေလောက်တဲ့ အထိ ဘယ်လို စကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။သူမရဲ့ ဗီလိန်ကာရိုက်တာ ပီပြင်လွန်းတာကြောင့် အစပိုင်းမှ ဝေဖန်မှုတွေရှိခဲ့ပေမယ့် အခုဆိုရင် သူ့ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် စိုးဆိုတဲ့ ဗီလိန် ကာရိုက်တာနဲ့လည်း ပရိသတ်တွေရဲ့ အားပေးမှုကိုသိမ်းပိုက်ထားပြန်ပါတယ်နော်။အဲဒီနောက် သူ့ရဲ့ ကာရိုက်တာအသစ်လေးကိုလည်း “စိုးရေ လွမ်းနေမယ် Character အသစ်လေး “အေး” ကိုလည်း အကောင်းဆုံး ကြိုးစား မယ် နော်” လို့ ပြောထား ပါသေးတယ်။
ပရိသတ်ကြီးရေ ပရိသတ်တွေ အားပေးတဲ့ ရုပ်သံဇာတ်လမ်းတွဲရဲ့ ပင်တိုင်စံမင်းသမီးလေးလို့ ဆိုရလောက်တဲ့ ခြူးလေးကတော့ ကာရိုက်တာ အသစ်လေးနဲ့ ပရိသတ်တွေရှေ့မှောက်ကို ထပ်မံရောက်ရှိလာဦးမှာနော်။Source: Chue Chue,CRD-cele gabar

ads