Breaking

Saturday, December 14, 2019

ဆံပင်ပုံစံအသစ်နဲ့ အရမ်းစတိုင်ကျနေတဲ့ မိုးယုစံရဲ့သားလေး ကောင်းသိင်္ခမိုးသူ

 ပရိသတ်​အချစ်​တော်​မေ​မေမိုးယုစံရဲ့ တစ်​ဦးတည်း​သော သားသား​လေး​ ကောင်းသိင်္ခမိုးသူက​တော့ ငယ်​ငယ်​လေးနဲ့ အမြဲပြုံးနေတတ်တာမို့ အားလုံးက ဖိုးပြုံးချိုလေးဆိုပြီး အချစ်ပိုနေရတာပါ။ မျက်နှာချိုလွန်းတဲ့ သား​လေးကို​တော့ မိသားစု​တွေကသာမက ပရိသတ်​တွေကလည်း အချစ်​ပို​နေရတာပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့​မေ​မေမိုးယုစံက ချစ်​စရာ​ကောင်းတဲ့ သား​လေးကို ဆံပင်လိုက်ညှပ်ပေးခဲ့တဲ့ ပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဆံပင်ပုံစံအသစ်နဲ့ အရမ်းမိုက်နေတဲ့ သားသား​လေး ကောင်းသိင်္ခမိုးသူရဲ့ပုံရိပ်​တွေက အရမ်းကို ချစ်​ဖို့​ကောင်းလှပါတယ်​။


 မိုးယုစံက​တော့ " ကေညှပ်ပီး ဆံပင်ထောင်ပီး စတိုင်အပြည့်နဲ့🥰🥰🥰"ဆိုပြီး ဆံပင်ပုံစံအသစ်နဲ့ စတိုင်ကျနေတဲ့ သူမသားသားလေးရဲ့ ပုံရိပ်လေး​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။ မိုးယုစံရဲ့သားလေးကတော့ ကြီးလာရင် အမေလို အနုပညာဝါသနာပါမလားဆိုတာကိုတော့ ပရိသတ်တွေကစိတ်ဝင်စားနေကြတာပါ။အိုက်တင်ပေးနေတဲ့သားလေးကို အမိအရ ဓာတ်ဖမ်းပေးနေတဲ့ မေမေ မိုးယုစံ...။

မိုးယုစံကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်း​နဲ့အတူ အနုပညာအလုပ်တွေ ခပ်ကြဲကြဲလုပ်ရင်း ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပုံဖော်ထားတာပါ။မိုးယုစံရဲ့ ချစ်​မဝတဲ့သားသား​လေးဖြစ်​တဲ့ ဖိုးပြုံးချို​လေး​ကောင်းသိင်္ခမိုးသူက​တော့ မိသားစု​တွေအားလုံးအပြင်​ပရိသတ်​တွေကပါ အချစ်​ပို​နေကြရသူ​လေးပါ။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း အရမ်းကိုချစ်ဖို့ကောင်းတဲ့ မိုးယုစံရဲ့သားလေးကိုချစ်​ရင်​shareသွားကြပါဦး​နော်​။

Myint Myat
Source:Moe Yu San's Facebook

POPULAR POSTS

ads