Breaking

Wednesday, December 11, 2019

“ချစ်ရသူကို အလုပ်တွေကူလုပ်ပေးနေတဲ့ အေးသောင်း”

 ပရိသတ်တွေရဲ့ မအေးသောင်းဆိုပြီး ချစ်စနိုးခေါ်ရတဲ့ မင်သမီးချောလေး အေးဝတ်ရည်သောင်းကတော့ ယခုအချိန်အထိ တစ်ကိုယ်တည်း အပျိုကြီးအဖြစ်ရပ်တည်လာသူဖြစ်ပြီး သူရဲ့ အချစ်ရေးကိုတော့ ပရိသတ်တွေကိုအရိပ်အမြွတ်အနေနဲ့သာ ချပြထားပါတယ်။လက်ရှိမှာတော့ ချစ်သူဟာ ရုပ်ရှင်လောကမှသူသာဖြစ်ပြီး ချစ်သူရဲ့အလုပ်တွေကူလုပ်ပေးနေတဲ့အကြောင်းကို “အလုပ်ကူလုပ်ပေးရတာပေါ့” ဆိုပြီး ဇာတ်ညွှန်းဖတ်နေတဲ့ ချစ်သူကို ဘေးနားမှ ဝိုင်းကူဖတ်ပေးနေတဲ့ပုံလေးကို မအေးသောင်းရဲ့ ဖေ့စ်ဘွတ်ခ် My Day မှာ တင်ထားပါတယ်။

 ပုရိသတွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။အသက် (၁၂)နှစ်လောက်ကတည်းက မော်ဒယ်မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပေမယ့် ပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ “မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီး မှာတင် သူမရဲ့ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဖြူစင်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းကတော့ လူမှုအကျိုးပြုလုပ်ငန်းတွေကို အားတက်သရောနဲ့ ပါဝင်လုပ်ကိုင်နေတတ်တဲ့ သူတွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။
Source: Aye Thaung
DarDar-CeleGabar



POPULAR POSTS

ads