Breaking

Friday, December 6, 2019

ဘိုမရုပ်လေးတစ်ရုပ်လို မမှတ်မိတော့လောက်အောင် ဂေါ်နေတဲ့ အိချောပိုပုံရိပ်တွေ

 ထူးခြားလှပတဲ့ ခန္ဓာကိုယ်​ကောက်​ကြောင်းအလှကို ပိုင်​ဆိုင်​ထားတဲ့ မင်းသမီးချောလေး အိချောပိုက​တော့ သရုပ်​ဆောင်​ပိုင်းမှာလည်း ထူးချွန်​သူတစ်​ဦးပါ။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်​နိုင်​တဲ့ အိ​ချောပိုက​တော့ လတ်​တ​လောမှာလည်း ရုပ်​ရှင်​တွေ ဆက်​တိုက်​ရိုက်​ကူးဖြစ်​နေပြီး သူမရဲ့ အနုပညာကို ပရိသတ်တွေကြားချပြ​နေသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိချောပိုက ဆံပင်တိုလေးနဲ့ ဘိုမရုပ်လေးတစ်ရုပ်လို လှချင်​တိုင်းလှ​နေတဲ့ သူမရဲ့ပုံရိပ်​တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူမနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံလေးပြောင်းထားတဲ့ အိချောပိုကတော့ မမှတ်မိနိုင်လောက်အောင်ကို လှနေတာပါနော်။


 အိချောပိုကတော့ ပရိသတ်တွေ မြင်နေကျမဟုတ်တဲ့ ပုံစံလေးပြောင်းပြီး အရမ်းဂေါ်နေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ မင်းသမီးတစ်ဦးဖြစ်တာကြောင့် အမြဲလိုလို ပုံစံပြောင်းနေရတဲ့ အိချောပိုကတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို အထာကျပြီး လိုက်ဖက်ညီသူလေးဆိုလည်း မမှားပါဘူး။အချစ်ရေးကိစ္စနဲ့ပတ်သတ်ရင်လည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းအသိပေးထားတဲ့ အိချောပိုကတော့ သူမရဲ့ချစ်သူက မင်းသားလည်းမဟုတ်သလို မော်ဒယ်လည်း မဟုတ်ဘူးလို့ ပရိသတ်တွေကို အသိပေးထားဖူးပါသေးတယ်နော်။

သရုပ်ဆောင်ပိုင်းမှာ ကျရာဇာတ်ရုပ်ကနေ ခံစားသက်ဝင်မှုအပြည့်နဲ့ သရုပ်ဆောင်တတ်တဲ့ အိချောပိုကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး ပွဲတွေလည်း တောက်လျှောက် တက်ဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဆံပင်ပုံစံအသစ်လေးနဲ့ အရမ်းကို ဆွဲဆောင်မှုရှိလွန်းစွာ လှနေတဲ့ အိချောပိုကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Ei Chaw Po's Facebook

POPULAR POSTS

ads