Breaking

Tuesday, December 10, 2019

အနုပညာအလုပ်တွေကို ရပ်နားလိုက်ရတဲ့ အကြောင်းလေးတွေကိုရင်ဖွင့်လာတဲ့ ပုလဲဝင်း

 ပုလဲဝင်းဆိုရင် ဗီဒီယိုခေတ်တွေက စကားသံဝဲဝဲလေးရယ် အသားအရည်လေးက ဖြူဖြူလေးနဲ့ ဝင်းအိနေတဲ့ မင်းသမီးချောလေးကို

ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါနော်။ ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်လို့ ပြောရင်မှားမယ်မထင်ပါဘူးနော်။ပုလဲဝင်းကတော့

ဆယ်စုနှစ်တစ်စုကြာအောင် လုပ်ခဲ့တဲ့ အနုပညာလောကကနေ လွန်ခဲ့တဲ့ နှစ်လောက်က ရပ်နားကာ ပျောက်ကွယ်သွားခဲ့ပါတယ်။

 အခုမှာတော့ သူမဘာကြောင့် အနုပညာအလုပ်တွေကို ရပ်နားခဲ့ရတယ်ဆိုတဲ့အကြောင်းလေးတွေကို ပြောပြလာခဲ့ပါတယ်။ သူမရဲ့ မျက်လုံးက ပါဝါများလို့ မျက်ကပ်မှန်တွေတပ်နေရပြီး မျက်သားကခြောက်တာကြောင့်

ရုပ်ရှင်ရိုက်တော့ မျက်ရည်ကျရတဲ့ အခန်းနဲ့ မီးထိုးတဲ့ ဒဏ်တွေ မခံနိုင်လို့ ရပ်နားလိုက်ရတာပါလို့ ပြောလာခဲ့ပါတယ်။ သူမရဲ့ မျက်လုံးက တစ်ခါငိုတိုင်း (၃)ရက်လောက် အာရုံကြောကိုက်တဲ့ဒဏ်ကို ခံရတာကြောင့်

ဆရာဝန်က (၆)လ (၁)နှစ်လောက် နားခိုင်းတဲ့အတွက် နားရင်းနဲ့ အနုပညာအလုပ်ကို မလုပ်ဖြစ်တော့ဘဲ နားဖြစ်သွားတာပါလို့ ပြောလာခဲ့ပါတယ်။


အခုတော့ အနုပညာအလုပ်တွေကိုနားပြီး သာမန်ရိုးရိုးနဲ့ အေးချမ်းတဲ့ ဘဝလေးနဲ့ပဲ နေထိုင်ပြီး ပျော်နေပါတယ်လို့ ပြောလာခဲ့ပါတယ်။

မင်းသမီးချောလေး ပုလဲဝင်းကတော့ သူမရဲ့ ကျန်းးမာရေးအခြေအနေလေးတွေကြောင့် သူမချစ်တဲ့ အနုပညာလုပ်ငန်းကို အပြီးတိုင်ရပ်နားလိုက်ပါပြီတဲ့နော်။

မင်းသမီးပုလဲဝင်းရဲ့ ကျန်းမာရေးပျောက်ကင်းအောင် ပရိသတ်ကြီးမှလည်းဆုတောင်းစကားလေးတွေ ပြောသွားပေးပါဦးနော်။

POPULAR POSTS

ads