Breaking

Monday, December 2, 2019

ဇနီးလေးရွှေမှုံရတီကို လုံးကြီးပေါက်လှလို့ တင်စားလိုက်တဲ့ ရွှေထူး

 နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့စုံတွဲလေးက ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားသူ တစ်ဦးပါ။ ရွှေထူးကလည်း အဆိုလောကမှာ အောင်မြင်သလို ရွှေမှုံရတီကလည်း သရုပ်ဆောင်လောကမှာ ဒိတ်ဒိတ်ကြဲ မင်းသမီးလေးဖြစ်တာကြောင့် သူတို့ ဇနီးမောင်နှံက နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်သူတွေ ဖြစ်ကြပါတယ်။


 ရွှေထူးနဲ့ ရွှေမှုံရတီက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။အိမ်ထောင်သက် တစ်နှစ်ကျော်လာပြီးနောက်တောင် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေတိုးပြီး အချစ်တွေပိုလာတဲ့ ရွှေနှစ်ရွှေကို ပရိသတ်တွေကလည်း အားကျကြတာ ဖြစ်ပါတယ်။ရွှေထူးက သူ့ရဲ့ ချစ်ရတဲ့ ဇနီးလေးကို တစိမ့်စိမ့်ကြည့်ရင်း "လုံးကြီးပေါက်လှ" လေးလို့တောင် တင်စားထားတာပဲ ဖြစ်ပါတယ်။
ရွှေထူးရဲ့စကားကြောင့် ရွှေမှုံလေးက တော်တော်လေး ကျေနပ်သဘောကျသွားမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Shwe Htoo's fb

ads