Breaking

Thursday, December 12, 2019

သူ့ကိုဂျပုလို့ခေါ်တဲ့ပြိုင်ဘက်ကစားသမားကို ပညာသားပါပါ တုံ့ပြန်ခဲ့တဲ့ လီယွန်နယ်မက်ဆီ

 လီယွန်နယ်မက်ဆီရဲ့ တုံ့ပြန်ပုံက ပညာသားပါလွန်းပြီး ပွဲကျစရာဖြစ်ခဲ့ရတာပါ။ ပြီးခဲ့တဲ့နွေရာသီမှာ မာဆေးအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အဲဗာရိုဂွန်ဇာလက်ဇ်က သူနဲ့ လီယွန်နယ်မက်ဆီတို့အကြားက ကြည်နူးစရာ အ အခိုက်အတန့်ကောင်းတစ်ခုကို ဖွင့်ဟသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဗာရိုဟာ ကစားသမားဘ၀တစ်လျှောက် ဇာရာဂိုဇာ၊ အက်စ်ပန်ညို၊ ဗီလာရီးရဲ စတဲ့စပိန်ကလပ်တွေမှာ ကျင်လည်ခဲ့ပြီး မက်ဆီနဲ့ပြိုင်ဘက်အဖြစ် ခဏခဏ ထိပ်တိုက်ရင်ဆိုင်ခဲ့သူပါ။

 ဒီဖြစ်ရပ်က ဂွန်ဇာလက်ဇ်တစ်ယောက် အက်စ်ပန်ညိုအသင်းမှာ ကစားခဲ့စဉ်တုန်းက ဖြစ်ပွားခဲ့တာပါ။ ဂွန်ဇာလက်စ်ဟာ မက်ဆီရဲ့အရပ်ပုမှုကို လှောင်ပြောင်တဲ့အနေနဲ့ ဂျပုလို့ခေါ်ခဲ့တာဖြစ်ပြီး မက်ဆီရဲ့တုံ့ပြန်မှုကို ကသူကိုယ်တိုင်တောင် သဘောကျခဲ့တယ်လို့ ဆိုပါတယ်။
"အဲဒါက တကယ့်ကိုသဘောကျစရာဖြစ်ရပ်ပါ။ အဲဒီအချိန်တုန်းက အက်စ်ပန်ညိုနဲ့ ဘာစီလိုနာအသင်းဟာ (၃) ပွဲဆက်တိုက် ကစားခဲ့ရတာ။ ပွဲတစ်ပွဲမှာ ကျွန်တော်က မက်ဆီကို "မင်းက ကတယ့်ဂျပုပဲ"လို့ ပြောခဲ့တယ်။

အဲဒီမှာပဲ မက်ဆီက ကျွန်တော့်ကိုစေ့စေ့ကြည့်ပြီး "မင်းကလည်း ဘောလုံးကန်တဲ့နေရာမှာ အရမ်းညံ့တာပဲ"ဆိုပြီး ပြန်ပြောခဲ့တယ်။ ဒါဆို ငါတို့ကျေပြီနော် လို့ ပြန်ပြောခဲ့ပြီး ကျွန်တော်တို့အတူတူ ရယ်မိခဲ့ကြပါတယ်"လို့ ဂွန်ဇာလက်ဇ်က RMC နဲ့တွေ့ဆုံရာမှာ ပြန်ပြောင်းပြောခဲ့ပါတယ်။
ဒါ့အပြင် သူက မက်ဆီဟာ ရပ်တန့်လို့မရနိုင်လောက်တဲ့ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး သူ့ရဲ့ရင်ဆိုင်ရတာ နောက်တန်းကစားသမားတွေအတွက် အိပ်မက်ဆိုးတစ်ခုပဲလို့လည်း ချီးကျူးသွားခဲ့ပါသေးတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

POPULAR POSTS

ads