လှရက်လွန်းလို့ ပုရိသတွေရဲ့ နှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ မမအေးသောင်းကတော့ ရင့်ကျက်တဲ့အလှတရားနဲ့ သူမရဲ့အနုပညာကြောင့် အားပေးတဲ့ ပရိသတ်အခိုင်အမာရနေတဲ့ မင်းသမီးတစ်ဉီးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ဝန်းရံမှုကြောင့်အနုပညာအလုပ်တွေ ပြန်လုပ်နေသူလေး မအေးသောင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို ပြုလုပ်ဖြစ်နေတာပါ။ လတ်တလောမှာတော့ မအေးသောင်းက တစ်ချို့ကို အဝါရောင် ဖက်ရှင်နဲ့ အရမ်းတောက်ပနေတဲ့ သူမရဲ့ပွဲတက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ ပွဲတက်လာသူတွေကြားမှာ ထင်ရှားနေတဲ့ မအေးသောင်းရဲ့ပုံရိပ်တွေကတော့ အပိုင်သိမ်းချင်မိသွားလောက်အောင် လှရက်လွန်းပါတယ်နော်။
မအေးသောင်းကတော့ "Remax Corner အသစ်တစ်ခုကို 3 Mobile shop ( စမ်းချောင်း ဂွဈေးအနီး) တွင်ထပ်မံဖွင့်လှစ်လိုက်ပါပြီရှင့်။" ဆိုပြီး လှရက်လွန်းတဲ့ သူမရဲ့ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာပါ။အရမ်းလှတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းတော့ ဘယ်လိုဖက်ရှင်လေးဝတ်ဝတ်အရမ်းကိုလိုက်ဖက်ပြီး လှရက်လွန်းနေတာပါ။
လူလေးလှသလို သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်လွန်းတဲ့ မအေးသောင်းကို သူမရဲ့ပရိသတ်တွေက အကယ်ဒမီရစေချင်နေကြပါပြီ။ ပရိသတ်တွေကိုရင်ခုန်အောင် အမြဲစလေ့ရှိတဲ့ မအေးသောင်းရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မြင်သူတကာငေးမောရလောက်အောင်လှချင်တိုင်းလှနေတဲ့ မအေးသောင်းကိုချစ်ရင် သူမရဲ့ပုံရိပ်လေးတွေကို အချင်းချင်းဝေမျှသွားကြပါဦးနော်။
Myint Myat
Source:Ay Thaung's Facebook
Photo:Nay Min Tun
Sunday, December 1, 2019
ပွဲတက်လာသူတွေ လည်ပြန်ငေးယူခဲ့ရတဲ့ မအေးသောင်းရဲ့ ပွဲတက်ပုံရိပ်တွေ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity