Breaking

Saturday, December 14, 2019

ချစ်သူ ရည်းစား မရှိတဲ့ တစ်ကိုယ် တည်းသမား ပို ကျန်းမာကြောင်း လေ့လာတွေ့ရှိ

 ချစ်သူ ရည်းစား မရှိတဲ့၊ တစ်ကိုယ် တည်းသမား ဘဝဟာ ပီးပြည့်စုံခြင်း မရှိပဲ ဟာတာတာကြီး ဖြစ်နေတယ်လို့ သင် ခံစားနေရပါသလား။ တကယ်တော့ ချစ်သူ ရည်းစားထားပီး စိတ်ရော၊ ကိုယ်ပါ မကျန်းမမာ ဖြစ်နေတဲ့ သူတွေ အများကြီးပါ။ သုတေသီတွေရဲ့ အဆိုအရ တစ်ကိုယ်တည်း ဖြစ်နေခြင်းဟာ အဲ့ဒီလူကို ပိုမို ကျန်းမာစေရုံမက စိတ်ပိုင်းဆိုင်ရာမှာ လည်း ပိုလုံခြုံမှု ရှိစေပါတယ်တဲ့။ ကဲ တစ်ကိုယ်တည်း သမားတွေ ရရှိ ခံစားနေရတဲ့ ကောင်းကျိုးလေးတွေ ကြည့်ကြရအောင်…


 အားကစား လေ့ကျင့်ခန်းတွေ ပိုလုပ်နိုင် လာတယ်
စိတ်ကျရောဂါ ၊ နှလုံးရောဂါ ရစရာ အချစ်ရေး၊ အိမ်ထောင်ရေးတွေကနေ ကင်းကွာနေတာမို့ သင့်ကိုယ်သင် ပိုကျန်းမာအောင် ဂရုစိုက် လာနိုင်ပါလိမ့်မယ်။ ဒါဟာ ကျန်းမာရေးအတွက် ပိုကောင်းလာစေတဲ့ အလားအလာ တစ်ရပ်ပါ။ ဖြစ်နိုင်ရင် လေ့ကျင့်ခန်းတွေ ပိုလုပ်ပါ။ မလုပ်ဖြစ်တဲ့ အားကစားတွေ လိုက်စားခြင်းဟာ သင့်အတွက် ကောင်းကျိုးတွေပေါ့။
သူငယ်ချင်းတွေကို အချိန်ပိုပေး နိုင် လာတယ်
ရည်းစားရှိတဲ့သူ၊ အိမ်ထောင် ရှိတဲ့သူ တွေဟာ သူငယ် ချင်းတွေ အတွက် အချိန်သိပ် မပေးနိုင်ကြတာ အားလုံး အသိပါ။ ဒါကလည်း ဘဝအတွက် မိသားစုက အရေးအကြီးဆုံး ဖြစ်သွားတာကိုး။ ကိုယ်က တစ်ကိုယ်တည်းသမားသာ ဆိုရင်တော့ ကိုယ့်သူ ငယ်ချင်းတွေ အတွက် အချိန်ပို ပေးနိုင်သွားသလို ဘဝတစ်လျှောက်လုံး မှာလည်း သူတို့သာ ကိုယ့်အတွက် အရေးပါသူတွေ အတွက် နေရာတစ်ခု ရသွားပါလိမ့်မယ်။
 ကိုယ့်ကိုယ်ကို ပိုဂရုစိုက် နိုင်လာပါတယ်
အိမ်ထောင်ပြု ထားတဲ့သူတွေ၊ ချစ်သူရည်းစား ရွိပီးသားသူတွေနဲ့ လူပြို လူလွတ်တွေကို နှိုင်းယွဉ်ကြည့်တဲ့အခါ လူပြို လူလွတ်တွေဟာ အပူအပင် ပိုမဲ့ပီး ပိျုေပ်ာရွင်စွာ နေနိုင်ကြပါတယ်။ အိမ်ထောင်ပြုလိုက်တဲ့ သူတွေဟာ အိမ်ထောင် ကပြီးျေပ်ာရွင်ကြသည့် တိုင် ဝိတ်တက်လာကြပြီး အိမ်ထောင်မပြုတဲ့ သူတွေကေတာ့ ဝိတ်တက်တာမြိုး မရွိပဲ ခန္ဓာကိုယ် အခြိုးအစားကို ထိန်းထားနို င်ကြပါတယ် တဲ့။
အကြွေးတွေလည်း နည်းသွားပြီ
ချစ်သူနဲ့ဆို၊ အိမ်ထောင်ကျ သွားပြီဆို လိုအပ်တာတွေ ဖြည့်ဆည်းနိုင် ဖို့ ကိုယ်ရတဲ့ လုပ်အားခအပြင် လိုနေတဲ့ ငွေအတွက် ချေးငှားရတာတွေ ရှိလာပါလိမ့်မယ်။ အလုံးအရင်းနဲ့ ဒီငွေတွေ ပြန်မဆပ် ရရင်တောင် တစ်လတစ်လ တစ်တိတိ ပြန်ဆပ်နေရတဲ့ ဘဝကို ရောက်ကို ရောက်မှာပါ။ တစ်ကိုယ်တည်းသမားတွေ အတွက်ကတော့ ဒီအခြေအနေမျိုးက သိပ်ကြုံရမှာ မဟုတ်ပါဘူး။
လူမှုရေးမှာ ပိုကောင်းဆောင် ဆောင်ရွက်နိုင်ကြတယ်
အထူး ကျွမ်းကျင်သူတွေရဲ့ စကားအရ လူပျိုလူလွတ်တွေဟာ အိမ်ထောင်သည်တွေထက် လူမှုရေးပိုင်း ကို ပိုကောင်းအောင် ဆောင်ရွက်နိုင်ကြသလို လူမှုရေးရာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကနေ ဘယ်လို အကျိုးတရားတွေ ရရှိနိုင်မယ် ဆိုတာ ပိုသိကြတယ် လို့ ဆိုကြပါတယ်။
crd : ETS

POPULAR POSTS

ads