Breaking

Tuesday, December 10, 2019

မတော်တဆ မှုတစ်ခု ဖြစ်ပြီး ရုတ်တရက် ဆုံးပါးသွားတဲ့ မောင်လေးအတွက် မိုးဟေကို ရဲ့ အလှူတစ်ခု

 မိုးဟေကိုဟာ တည်ငြိမ်ရင့်ကျက်တဲ့ အလှနဲ့ မြန်မာ့အနုပညာနယ်ပယ်မှာ ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်
သရုပ်ဆောင်ကောင်းသလို တည်ငြိမ်အေးဆေးတဲ့ မိုးဟေကိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ သူမရဲ့ အငယ်ဆုံးမောင်လေးတစ်ဦးဖြစ်တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့
မောင်ဘုန်းမြင့်ကျော်ကို ရည်စူးပြီးတော့ ပရဟိတမင်းသမီးလို့ ဆိုကြတဲ့ ခိုင်နှင်းဝေတည်ထောင်ထားတဲ့ ရင်သွေးလေးများဂေဟာမှာ အလှူအတန်းတွေ ပြုလုပ်လှူဒါန်းခဲ့ပါတယ်

 ဒီအကြောင်းလေးကိုတော့ သရုပ်ဆောင်မင်းသမီး ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ခုလို ဖော်ပြထားတာပဲ ဖြစ်ပါတယ်
“ယနေ့ 7.12.2019 (Sat) တွင် မောင်လေး မောင်ဘုန်းမြင့်ကျော် လွမ်းဆွတ်ခြင်း 6နှစ်ပြည့် အားရည်စူးပြီး သရုပ်ဆောင် မိုးဟေကို နှင့်မိသားစု မှ ကျမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ မှ ကလေးငယ်များသို့
အလှူငွေကျပ် 5သိန်းတိတိ လှူဒါန်း ခဲ့ပါတယ်ရှင် မောင်လေး မောင်ဘုန်းမြင့်ကျော် ရောက်ရာ ဘုံဘဝမှ သာဓုခေါ်ဆိုနိုင်ပြီး နောက်သံသရာဘဝများမှာလည်း ယခုလို အဖြစ်ဆိုးနှင့် မကြုံ ပါစေနဲ့လို့

ကျမနှင့် ရင်သွေးငယ်လေး များမှ ဆုတောင်းမေတ္တာပို့သပါတယ်ရှင်”လို့ ဖော်ပြခဲ့တာပါ မိုးဟေကိုရဲ့ အငယ်ဆုံးမောင်လေး မောင်ဘုန်းမြင့်ကျော်ဟာ
လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အက်စီးဒင့်တစ်ခုကြောင့် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် သူကွယ်လွန်ခဲ့တာဟာ
ယခုဆိုရင် ၆ နှစ်ရှိပြီ ဖြစ်ပြီး မိုးဟေကိုက မောင်လေးအတွက် ရည်စူးပြီးခိုင်နှင်းဝေရဲ့ ရင်သွေးငယ်လေးများ ဂေဟာမှာ ခုလို သွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်

POPULAR POSTS

ads