Breaking

Wednesday, December 11, 2019

“ပရိသတ်တွေဆီကို အချစ်ရေးနဲ့ပတ်သတ်တဲ့ အကြံပေးချက်လေး ပေးလာတဲ့ ဟန်နာယူရီ”

 ဟန်နာယူရီလေးကတော့ သူမရဲ့ အောင်မြင်မှုတွေကို အခက်အခဲတွေကြား ဖြတ်ကျော်ပြီး အောင်မြင်အောင်ကြိုးစားခဲ့သူလေးပဲဖြစ်ပါတယ်..။ကိုရီးယားမလေးလှတဲ့ ဟန်နာလေးဟာ သူမရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ စကားပြောပုံလေးတွေကြောင့် ပုရိသတွေရော မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေတယ်လို့ ပြောရင်မှားမယ်မထင်ပါဘူး.။ ဟန်နာလေးက အခက်အခဲအတိုင်းကို အပြုံးမပျက်ဘဲ ရှေ့ကိုသာ ဆက်လက်လုပ်ဆောင်နေသူလေးပဲဖြစ်ပါတယ်..။

 ဟန်နာယူရီလေးက သူမရဲ့မွေးနေ့ကို ရိုးရိုးရှင်းရှင်းလေးသာ ဖြတ်သန်းခဲ့ပြီး သူမရဲ့ အလုပ်တွေကိုသာ ဆက်လက်လုပ်ဆောင်ဖြစ်နေတာပါ..။ ဟန်နာလေးက အခုလက်ရှိတော့ အစားစားနေရတာကို အရမ်းကို နှစ်သက်နေပြီး စိတ်ဖိစီးလို့ ဖြစ်ဖြစ် ပျော်လို့ပဲဖြစ်ဖြစ် အစားပဲစားဖြစ်နေပါတယ်လို့ ပြောလာခဲ့ပါတယ်..။ သူမရဲ့ အချစ်ရေးကတော့ သူမက အရမ်းချစ်ရတဲ့သူဖြစ်ရင် ပရိသတ်ရှေ့ချပြမယ်လို့လည်း ပြောသွားခဲ့ပါတယ်..။ ဟန်နာလေးက “ကိုယ့်အတွက်ပဲကိုယ်ချစ်ပြီး ကိုယ့်ကို မချစ်တဲ့သူကို စွန့်လွှတ်လိုက်ပါ”လို့ ပရိသတ်တွေအတွက် အကြံပေးခဲ့ပါသေးတယ်..။ဟန်နာလေးက ထပ်ချစ်ဖို့ကို မကြောက်ပေမယ့် ကိုယ့်အပေါ်ကို မကောင်းရင် စွန့်လွှတ်လိုက်မှာ လို့ ပြောပြလာပါတယ်..။ ဟန်နာလေးကတော့ သူမက စိတ်ညစ်စရာတွေကိုမတွေးဖြစ်တော့ဘဲ စိတ်ဝင်စားတဲ့အကြောင်းလေးတွေကို လုပ်ပြီးပဲ ပျော်အောင်နေနေတယ်လို့ ပြောသွားခဲ့ပါတယ်..။

ဟန်နာလေးက အရင်အချစ်ဟောင်းမှာ အဆင်မပြေလို့ လမ်းခွဲခဲ့ပြီး နောက်ပိုင်းမှာ သူမရဲ့ အချစ်ရေးအကြောင်းကို မစဉ်းစားတော့ဘဲ အလုပ်တွေကိုသာ ဆက်လုပ်ဖြစ်နေတာပါ…။ ပရိသတ်တွေက ဟန်နာလေး အချစ်ရေးမှာ ထပ်ချစ်ဖို့ ကြောက်သွားတာလားဆိုပြီး စိုးရိမ်နေခဲ့ကြပေမယ့် ဟန်နာလေးကတော့ ထပ်ချစ်ဖို့ကို မကြောက်ပါဘူးတဲ့နော်… ..။ Cele Connections ပရိသတ်ကြီးအတွက် ဟန်နာယူရီလေးရဲ့ အချစ်ရေးအပေါ်ထားတဲ့ သဘောထားနဲ့ ပရိသတ်တွေကို ပေးထားတဲ့ အကြံပေးချက်လေုးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
Source:Myanmar Cele 7
Sakura(Cele Connections)

POPULAR POSTS

ads