Breaking

Tuesday, December 10, 2019

ထူးဆန်းတဲ့အရာကို ချဉ်ချင်းတက်ခဲ့လို့ နာမည်ကြီးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး

 ကိုယ်ဝန်သည်အမျိုးသမီးတွေ ချဉ်ချင်းတက်တယ်ဆိုတာ ကြားဖူးကြတယ်မဟုတ်လား။ အများစုကတော့ စားစရာတွေကို ချဉ်ချင်းတက်တတ်ကြပါတယ်။ ဘယ်ဆိုင်ကရေခဲမုန့်မှ၊ ဘယ်ဆိုင်က ကြေးအိုးမှတို့

ဘယ်မြို့ကမုန့်တို့လည်း ပေါက်ပေါက်ရှာရှာအဝေးကြီးတွေက အစားအသောက်တွေကိုလည်း ချဉ်ချင်းကတက်တတ်ပြန်ပါရောလား။ ဒီလိုအချိန်ဆိုရင် ခင်ပွန်းသည်တွေအနေနဲ့ တော်တော်ကို ဦးနှောက်ခြောက်ရပါတယ်။

 မိန်းမကိုတကယ်ချစ်ပြီး ကြင်ကြင်နာနာရှိတဲ့ ခင်ပွန်းသည်တွေဆိုရင်တော့ ကိုယ်ဝန်ဆောင်တဲ့ (၁)နှစ်လောက် ကာလအတွင်းလေးမှာတင်ကို တော်တော်လေး အနွံတာခံ၊ လုပ်ချင်တာ လိုက်လုပ်ပေး၊ ဂရုစိုက် ကြင်နာ ယုယပေးတတ်ကြပါတယ်။

ဒါပေမဲ့ အခုမလေးရှားနိုင်ငံက အမျိုးသမီး ချဉ်ချင်းတက်တာကတော့ အဆန်းပဲ။ အစားအစာတွေ စားချင်တာမျိုးမဟုတ်ဘဲ အစားအစာကို လိုက်ပို့ချင်တာပါတဲ့။ ဒီလိုလည်းပြောရော ခင်ပွန်းဖြစ်သူခင်ဗျာ မျက်လုံးပြူး အံ့သြခဲ့ရပါတော့တယ်။

စားစရာဆိုရင်တောင် သူ့အနေနဲ့ ရှာဝယ်ပေးလို့ရဦးမယ်၊ အခုဟာက food delivery လုပ်ချင်တယ်ဆိုတော့ စဉ်းစားကြည့်ကြပါအုံး။ ချဉ်ချင်းတက်နေတဲ့ ဇနီးရဲ့ဆန္ဒလေးကို ဖြည့်ဆည်းချင်တာကြောင့် မလေးရှားမှာ ရှိနေတဲ့ food delivery တွေဆီကို

ဖုန်းဆက်ကာ အကျိုးအကြောင်း​ပြောပြီး တစ်ကြောင်းလောက်ပဲပို့ဖို့ အကူအညီလှမ်းတောင်းတဲ့အခါမှာ ကုမ္ပဏီတစ်ခုကနေပြီး လွယ်လွယ်ကူကူလေးပဲ ခွင့်ပေးခဲ့ပါတယ်။ ဇနီးကိုတော့ တစ်ခေါက်ပဲ လိုက်ပို့ရမယ်ဆိုပြီး ကတိတောင်းထားတာပေါ့။

နောက်ဆုံးတော့ ဇနီးမောင်နှံနှစ်ယောက်ဆီကို အော်ဒါပို့ဖို့အလုပ်ရောက်လာခဲ့ပါတယ်။ ဇနီးက ဆိုင်ကယ်ကို ကိုယ်တိုင်မောင်းချင်တာကြောင့် ခွင့်ပြုပေးခဲ့လိုက်ပေမယ့် သူကတော့ ဇနီးရဲ့ဆိုင်ကယ်ဘေးကနေ

ထပ်ချပ်မကွာနောက်ထပ်တစ်စီးနဲ့ လိုက်ကာ စောင့်ရှောက်ခဲ့ပါတယ်။ ဘယ်လိုတောင်ထူးဆန်းလိုက်တဲ့ ချဉ်ချင်းလဲနော်။ သင်တို့ရော သင်တို့အသိထဲ ဒါမှမဟုတ် ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်ဇနီးပဲဖြစ်ဖြစ် ထူးထူးဆန်းဆန်းချဉ်ချင်းတတ်ဖူးတဲ့လူတွေ ရှိကြဖူးလား။

POPULAR POSTS

ads