Breaking

Monday, December 2, 2019

အနက်ရောင် ဇာပါးပါး ဖက်ရှင်နဲ့ အားလုံးကို မှင်သက်ငေးမောစေခဲ့တဲ့ နေခြည်ဦး

 Beauty Blogger တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့အာရုံစိုက်ခြင်းကို အပြည့်အဝရရှိထားတဲ့ ကောင်မလေး နေခြည်ဦးကတော့ သွက်သွက်လက်လက်နဲ့ ကြိုးစားချင်စိတ်အပြည့်ရှိတာမို့ အောင်မြင်မှုတွေဆီ တက်လှမ်းနေနိုင်ပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နေခြည်ဦးက တန်ဖိုးကြီး Branded တွေချည်း ဝတ်ဆင်ပြီး ပွဲတက်ခဲ့တဲ့ သူမရဲ့အလန်းစား ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အနက်ရောင် ဇာပါးပါး ဖက်ရှင်နဲ့ အားလုံးကို မှင်သက်ငေးမောစေခဲ့တဲ့ နေခြည်ဦးရဲ့ပုံရိပ်တွေကတော့ အရမ်းကို ဂေါ်နေတာပါနော်။


 နေခြည်ဦးကတော့ "I have to be successful cos I like expensive things 💰💰💰 Problem? 🤷🏻‍♀️ Life is full of drama 👸🏻" ဆိုပြီး အရမ်းလန်းလွန်းတဲ့ သူမရဲ့ပွဲတက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ နေခြည်ဦးကတော့ လက်ရှိမှာ အချစ်ရေးကို စိတ်မဝင်စားသေးပဲ ဘဝကို တစ်ကိုယ်တည်းလျှောက်လှမ်းနေတာပါ။နာမည်ကြီး Branded ပစ္စည်းတွေနဲ့ နေခြည်ဦးဆိုတာ ခွဲခြားမရပါဘူးနော်...။အနက်ရောင် ဇာပါးပါးအကျီင်္လေးနဲ့ ဘယ်လိုတောင် ညှို့အားပြင်းနေတာလဲ ချီချီရယ်...။


လက်ရှိမှာ မင်းသမီးတစ်ဦးအနေနဲ့ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေတဲ့ နေခြည်ဦးကတော့ ရုပ်ရှင်တွေလည်း ရိုက်ကူးဖြစ်နေပြီး၊ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးဖြစ်နေတာပါ။ သရုပ်ဆောင်ထူးချွန်တဲ့ နေခြည်ဦးကတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်တတ်သူတစ်ဦးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ညှို့အားပြင်းလွန်းတဲ့ နေခြည်ဦးလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

credit-(momolay)Myint Myat
Source;Nay Chi Oo's Facebook
Photo;Nay Min Tun

POPULAR POSTS

ads