မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံး မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ထူခြားတဲ့ အလှအပတွေနဲ့ အနုပညာမှာ ထူးချွန်လွန်းတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ သင်ဇာလေးက သူမရဲ့မွေးနေ့ညလေးမှာ ဆီမီးတစ်ထောင် ပူဇော်ခဲ့တဲ့ သူမရဲ့ကြည်နူးစရာပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြန်မာဆန်ဆန် အရိုးရှင်းဆုံး ဖက်ရှင်လေးနဲ့ ရွှေတိဂုံဘုရားမှာ ဆီမီးပူဇော်ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကတော့ မြင်ရတဲ့ ပရိသတ်တွေကိုပါ အေးချမ်းမှုတွေ ကူးစက်စေခဲ့တာပါနော်။
အဆိုပါပုံရိပ်တွေကိုတော့ ဒီဇိုင်နာ ငြိမ်းကိုက "ညီမလေးသင်ဇာမွေးနေ့ညမှာ ဆီမီးပူဇော်ရန် ဝတ်ဆင်ဖို့ ပိတ်ဖောက်ဇာ အဝါနုလေးကို မြန်မာဆန်ဆန်ရိုးရှင်းသပ်ရပ်စွာ ချုပ်ပေးထားပါတယ် 💛Designer Nyein Ko Chic & chic" ဆိုပြီး ချစ်စရာညီမလေး သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။ ခပ်ဟော့ဟော့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ သင်ဇာလေးကတော့ မြန်မာဆန်ဆန်လေး ဝတ်ဆင်ထားရင်လည်း နှစ်ခါပြန် ငေးယူရလောက်အောင် လှလွန်း၊ ကျက်သရေရှိလွန်းသူလေးပါ။မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာပဲ အသက် ၃၂ နှစ်တိတိ ပြည့်သွားခဲ့တာပဲ ဖြစ်ပါတယ်။
မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ သူမအပေါ် တန်ဖိုးထားတဲ့ မိသားစုကို အချိန်ပေးဖြစ်နေတယ်လို့လည်း သိရပါတယ်။ ပရိသတ်တွေအားလုံး စောင့်ကြည့်နေကြတဲ့ သင်ဇာလေးရဲ့အချစ်ရေးကတော့ အခုအချိန်အထိကို တစ်ကိုယ်တည်း Single အဖြစ်နဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အသက်တစ်နှစ်ကြီးလာလေ ပိုပိုလှလာလေဖြစ်တဲ့ သင်ဇာလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Nyein Ko's Facebook
Photo;Nay Min Tun
Friday, December 6, 2019
Home
/
Celebrity
/
မွေးနေ့ညလေးမှာ ဆီမီးတစ်ထောင်ပူဇော်ပြီး ရိုးရိုးရှင်းရှင်း ဖြတ်သန်းခဲ့တဲ့ သင်ဇာဝင့်ကျော်
မွေးနေ့ညလေးမှာ ဆီမီးတစ်ထောင်ပူဇော်ပြီး ရိုးရိုးရှင်းရှင်း ဖြတ်သန်းခဲ့တဲ့ သင်ဇာဝင့်ကျော်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity