Breaking

Friday, December 6, 2019

အေးချမ်းလွန်းတဲ့ ဒီဇင်ဘာလမှာ အားကစားအတူတူလုပ်နေကြတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer

 ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေး တစ်တွဲဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က တူညီတဲ့ အနုပညာလမ်းပေါ်မှာ အောင်မြင်မှုတွေ များစွာနဲ့ လျှောက်လှမ်းနေသူတွေဖြစ်ပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer ဟာ နှစ်ယောက်စလုံး မအောင်မြင်ကြသေးခင်ဘဝကတည်းက အတူတူကြိုးစားလာခဲ့တာ အခုချိန်ထိ အေးးအတူ ပူအမျှနဲ့ လက်တွဲမဖြုတ်ပဲ ချစ်လာကြတာ ဖြစ်ပါတယ်။

 ပရိသတ်ကြီးချစ်ကြတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က ဒီတစ်ခေါက်မှာတော့ တင်းနစ်အတူတူ ရိုက်နေကြတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။လွှမ်းပိုင်နဲ့ Bobby Soxer က Rap သီချင်းတွေကို အတူတူ သီဆိုကြသလို ဂိမ်းတွေလည်းအတူတူဆော့တာကြောင့် ပရိသတ်တွေက ရှေ့သွားနောက်လိုက်ညီလွန်းတဲ့ အတွဲလေးအဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။


လွှမ်းပိုင်က လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေသလို သီချင်းအသစ်တွေကိုလည်း လုပ်နေတာပဲ ဖြစ်ပါတယ်။ Bobby Soxer ကတော့ သရုပ်ဆောင်မလုပ်ပဲ သီချင်းဆိုတဲ့ အလုပ်ကိုသာ ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။လွှမ်းပိုင်နဲ့ Bobby Soxer က (၂၀၀၉) ခုနှစ်တည်းက ချစ်သူတွေအဖြစ် လက်တွဲခဲ့ရာ အခုဆိုရင် ချစ်သူသက်တမ်း (၁၀)နှစ်ကျော်ရှိပြီဖြစ်ပြီး အနေတည်ငြိမ်လွန်းတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxer ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့အတွဲလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲလေးရဲ့ ပုံရိပ်လေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Hlwan Paing & Bobby Soxer's fb
Photo: RBV

POPULAR POSTS

ads