Breaking

Thursday, December 12, 2019

ခရမ်းရောင် Dress လေးနဲ့ မှုံနေအောင် လှနေတဲ့ မေမြင့်မိုရ်

 MRTV 4 မင်းသမီးလေး ပန်းနုသွေး လို့ လူသိများနိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး မေမြင့်မိုရ် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် မေမြင့်မိုရ် ရဲ့ ပွဲတက် အလှပုံရိပ်ကလေး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


 မေမြင့်မိုရ် က ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေသူလေးပါ။သူမသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးကလည်းပရိသတ်အားပေးမှုများစွာရရှိထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ စတုတ္တမြောက်သွေးကြိုးမျှင် ရုပ်ရှင်ဇာတ်ကားကို သက်မွန်မြင့်၊ ရွှေထူး တို့နဲ့အတူ သရုပ်ဆောင် ရိုက်ကူးလျှက်ရှိပါတယ်။
ဒီတစ်ခါမှာတော့ မေမြင့်မိုရ် က ခရမ်းရောင် Dress လေးနဲ့ ဆွဲဆောင်မှုရှိရှိပွဲတက်ခဲ့တာဖြစ်ပြီး သူမက " အလွမ်းဓါတ်လေးရှိတဲ့ဒီဇင်ဘာရဲ့ ခရမ်းရောင်နေ့လေး 💜" ဆိုပြီး ပြောထားပါတယ်။ခရမ်းရောင် Dress လေးနဲ့ မေမြင့်မိုရ် က ပွဲမှာ မြင်သူတကာငေးရလောက်အောင် လှနေခဲ့တာပါ။မေမြင့်မိုရ် ရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။


သရုပ်ဆောင် မေမြင့်မိုရ် ရဲ့ ပွဲတက် ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;may myint mo

POPULAR POSTS

ads