နာဂတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ တန်ခွန်ကျော်က Myanmar Idol Season 4 လူရွေးပွဲမှာကတည်းက အမေသီချင်းလေးနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ တန်ခွန်ကျော်က သီချင်းဆိုကောင်းရုံသာမက စိတ်ထားလေးလည်း ဖြောင့်မတ်မှန်ကန်တာကြောင့် လူအများရဲ့ အားပေးချစ်ခင်မှုကို တစ်နေ့ထက်တစ်နေ့ တိုးပွားရရှိလာတာပဲ ဖြစ်ပါတယ်။
တန်ခွန်ကျော်က လေးပတ်မြောက်တဲ့အပတ်မှာ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ရတာဖြစ်ပြီး Wild Card Winner အဖြစ် ပြိုင်ပွဲကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ မနေ့က Result Show မှာတော့ ပြိုင်ပွဲကြီးကို နောက်တဖန်နှုတ်ဆက်ခဲ့ရပြန်ပါပြီ။
တန်ခွန်ကျော်က နောက်တစ်ခါနှုတ်ဆက်ခဲ့ရပေမယ့် Grand Final ကို တက်သွားတဲ့ သူငယ်ချင်းတွေအတွက် အခုလို တောင်းဆိုထားပါတယ်။ "အမျိုးတွေအားလုံးပဲ မဂ်လာနံနက်ခင်းလေးပါ..တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျေးဇူးရှင်တွေရဲ့ အချစ်တွေ မေတ္တာတွေ ရထားပါပြီ ဒီဆုနဲ့တင် ကျွန်တော် ကျေနပ်ပါပြီဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ 🙏"
"ကျန်ခဲ့တဲ့ Finalist 3ဦးကိုလဲ ဆက်အားပေးကြပါဗျ။ သူတို့ရဲ့အားနည်းချက်လေးတွေကို အားသာချက်လေးတွေနဲ့ ဖုန်းဖိပြီး အားပေးစကားတွေနဲ့ မစပေးကြပါဦးဗျ ကျေးဇူးရှင်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ။ အနုပညာဆိုတာကြမ်းတမ်းတဲ့နှလုံးသားကိုတောင် နူးညံ့သွားစေနိုင်တဲ့တန်ခိုးရှင်ပါ" ဆိုပြီး ပြောထားပါတယ်။တန်ခွန်ကျော်ကတော့ တကယ်ကို စိတ်ထားလေး ကောင်းမွန်သူတစ်ယောက် ဖြစ်ပါတယ်။ တန်ခွန်ကျော်တစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းမှာ အောင်မြင်မှုတွေ များစွာ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Rowena
Source: Tan Khun Kyaw's fb
Saturday, December 21, 2019
Home
/
Celebrity
/
Finalist သုံးဦးရဲ့ အားနည်းချက်လေးတွေကို အားသာချက်နဲ့ ဖုံးဖိပေးပါလို့ တောင်းဆိုလိုက်တဲ့ တန်ခွန်ကျော်
Finalist သုံးဦးရဲ့ အားနည်းချက်လေးတွေကို အားသာချက်နဲ့ ဖုံးဖိပေးပါလို့ တောင်းဆိုလိုက်တဲ့ တန်ခွန်ကျော်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity