အရုပ်မလေးတွေဆိုတာ ချစ်ဖို့ကောင်းတယ်၊ လှတယ်။ ဒါကြောင့်လည်း မိန်းကလေးတွေ တော်တော်များများက ပြီးပြည့်စုံတဲ့အလှပိုင်ရှင် အရုပ်မလေးတွေလို ဖြစ်ချင်ကြတာလည်း မဆန်းပါဘူးနော်။ ရှေ့နှစ်တွေက ယူကရိန်းနိုင်ငံမှ ဘာဘီအရုပ်မလေးလိုအလှနဲ့တူအောင် အကြိမ်ကြိမ်ခွဲစိတ်ပြုပြင်ခဲ့တဲ့ Valeria Lukyanova ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ခွဲစိတ်ပြုပြင်တာပဲ ဖြစ်ဖြစ်၊ နဂိုရုပ်ခံလေးကြောင့် မိတ်ကပ်ပြင်လိုက်လို့ တူသွားတာပဲဖြစ်ဖြစ် အခုခတ်မှာတော့ အရုပ်မလေးနဲ့တူလာတဲ့ မိန်းကလေးတွေ အများကြီးရှိလို့ နေပါပြီ။
သက်ရှိအရုပ်လေးတွေထဲကမှ မိတ်ကပ်ပညာနဲ့ နဂိုချစ်ဖို့ကောင်းပြီးသား ရုပ်လေးကို အရုပ်မလေးနဲ့ ပိုတူအောင် ပြင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ သူမကတော့ တရုတ်နိုင်ငံ၊ ရှန်ဇန်းပြည်နယ်မှ Kina Shen ပဲ ဖြစ်ပါတယ်။ သူမရဲ့ အရုပ်လေးနဲ့တူလွန်းလှတဲ့ အပြင်အဆင်တွေကြောင့် လူမှုကွန်ယက်တွေဖြစ်တဲ့ Instagram တို့လိုမှာ နာမည်ကြီးလူကြိုက်များနေကြတာပဲဖြစ်ပါတယ်။ (၂၀၁၃) ခုနှစ်မှာ Instagram ကို စတင်သုံးခဲ့တာဖြစ်ပါတယ်။ Kina Shen တင်ထားတဲ့တချို့ပုံတွေမှာဆိုရင် လူလားအရုပ်လားတောင် ခွဲခြားရခက်တဲ့ပုံလေးတွေ ရှိနေပါတယ်။
Sunday, December 22, 2019
အရုပ်မလေးနဲ့တူလို့ နာမည်ကြီးနေတဲ့ တရုတ်ပြည်ကကောင်မလေး Kina Shen
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
News
Tags
News